Movie Name
Prodigy Healer (ဆန်းကြယ်လှစွာရေစက်ကြမ္မာ)
Year
2019
Generes
Action, Fantasy, Romance
Code
SC0073
Type
Series
Size
6.61 GB
Country
China
Description
ယွင်ဟိုင်ဆိုတဲ့ နယ်မြို့လေးတစ်မြို့မှာရှိတဲ့ မြို့မျက်နှာဖုံး သူဌေးကြီးတစ်ယောက်ရဲ့ သမီးလေးဖြစ်သူ ယွင်ချန် ဟာ မြို့တော်ဆီတက်ပြီး အနောက်တိုင်းဆေးပညာနဲ့ တိုင်းရင်းဆေးပညာများကို သင်ယူခဲ့ပါတယ်...ပညာသင်ယူပြီးလို့ သူနေထိုင်ရာ နယ်မြို့လေးဆီ ပြန်လာခဲ့ပြီးချိန် မှာသူ့ဆေးခန်းအတွက် ဆေးပင်ရှာရန်`` မြူခိုးဝင်္ကပါတော ´´ဆီသို့ ဝင်ရောက်ခဲ့ပါတယ် တောထဲရောက်ချိန်မှာ ဆေးဖက်ဝင် အပြာရောင်ကြာပန်းကို ခူးယူရန်အတွက် ကြိုးစားလိုက်ရာမှ ချောက်ထဲသို့ ပြုတ်ကျသွားရပါတော့တယ် ချောက်ထဲမှာတော့ လူသားစားသစ်တော တစ်ခုရှိပြီး ထူးဆန်းတဲ့ သတ္တဝါများ အများအပြား နေထိုင်ကြကာ စန်းမု လို့ခေါ်တွင်တဲ့ ထူးဆန်းသော မျိုးနွယ်စုတစ်ခုကလည်း နေထိုင်ပြန်ပါတယ် ထိုမျိုးနွယ်စုက လူသားစားသစ်တော ထဲမှာ အပင်ဖြစ်ရန် နှစ် ၁၀၀၀ ကြာပြီး အသီးသီးရန် နှစ်ပေါင်း 100 စောင့်ရတဲ့ သိဒ္ဓိသီး ကို စောင့်ရှောက်နေကြပါတယ် ထို သိဒ္ဓိသီး အစွမ်းကတော့ ထိုအသီးကို စားရတဲ့သူဟာ အသက်ထာဝရရှင်သန်နိုင်ပြီး နုပျိုစေသော အစွမ်းရှိပါတယ် စန်းမု မျိုးနွယ်စုရဲ့ ဆက်ခံသူ သားတစ်ယောက် ဖြစ်တဲ့ ရှင်းချန် ဟာ ဆေးပင်ရှာရင်း ချောက်ထဲပြုတ်ကျလာတဲ့ ယွင်ချန်မမလေးအား တွေ့လိုက်ချိန်မှာတော့ ယွင်ချန်ဟာ စန်းမု မျိုးနွယ်စု နှစ်ပေါင်းများစွာ စောင့်လာခဲ့ရတဲ့ သိဒ္ဓိသီး ကို အမှတ်မထင် စားသုံးလိုက်မိတဲ့အချိန် ဖြစ်နေပြန်ပါတယ် စန်းမု မျိုးနွယ်စုဟာ သူတို့စောင့်လာခဲ့ရတဲ့ သိဒ္ဓိသီး ကို မထင်မှတ်တဲ့ မိန်းကလေးတစ်ယောက်က စားသုံးလိုက်တာ သိလိုက်ချိန်မှာ ယွင်ချန် ကို ဘာတွေဆက်လုပ်ကြမလဲ စန်းမု မိသားစုရဲ့ ဆက်ခံသူ ရှင်းချန်နဲ့ ဘယ်လိုရေစက်ကံကြမ္မာတွေ ဖြစ်ပေါ်လာမလဲဆိုတာကိုတော့ ★ ဆန်းကြယ်လှစွာရေစက်ကြမ္မာ ★ ဇာတ်လမ်းတွဲလေးမှာ ရှုစားကြရအောင်လား ခဗျာ