-
Movie Name
-
The Eyes Diary (2015)
-
Year
-
2015
-
Generes
-
Horror
-
Code
-
01447
-
Type
-
Movie
-
Size
-
895 MB
-
Country
-
Thai
-
Description
-
အသစ်ထွက်ထားတဲ့ထိုင်းသရဲကားပါ..ဇာတ်လမ်းအကျဉ်းကတော့
နော့တ်နဲ့ ပလာတို့ဟာ အရမ်းချစ်ကြတဲ့ ချစ်သူတွေဖြစ်ကြပါတယ်။ လွန်ခဲ့တဲ့ သုံးလလောက်က ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်ပြီး ပလာသေဆုံးသွားခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်ကို မေ့ပစ်ဖို့ ကြိုးစားခဲ့ပေမယ့် နော့တ်ဟာ ယူကျုံးမရဖြစ်ခဲ့ပြီး ပလာနဲ့ ပြန်ဆုံချင်တာကြောင့် သရဲတစ္ဆေတွေနဲ့တွေ့ဖို့ ကြိုးပမ်းခဲ့ပါတယ်။
နောက်ဆုံးမှာတော့ ပလာရဲ့ ဝိညာဉ်ကို ရှာဖို့အတွက် အရေး ပေါ်ကယ်ဆယ်ရေးလုပ်သားရဲ့ အကူအညီယူဖို့ ဆုံးဖြတ်ခဲ့ပါတော့ တယ်။ အဲဒီကယ်ဆယ်ရေးလုပ်သားဟာ အမှုအခင်းဖြစ်တဲ့ နေရာမှာ သေသူရဲ့ ပစ္စည်းတစ်ခုကို တိတ်တဆိတ်ယူထားခဲ့တာကြောင့် နော့တ်ကပလာရဲ့ ဝိညာဉ်ကို ခေါ်နိုင်ဖို့အတွက် ဒီလိုစိတ်ကူးခဲ့တာဖြစ်ပါတယ်။
နော့တ်ဟာ ဘယ်သရဲ၊ တစ္ဆေနဲ့မှ မတွေ့ပေမယ့် သူ့အိမ်ဖော်တွေကတော့ ချောက်ချားစရာတွေချည်းပဲတွေ့နေရလို့ ဘယ်သူမှ မနေရဲဘဲ ထွက်ပြေးကုန်ကြပါတယ်။ နော့တ်ရဲ့ သူငယ်ချင်း၊ ကယ်ဆယ်ရေးဖောင်ဒေးရှင်းမှာလုပ်တဲ့ ဂျွန်က ဝိညာဉ်ခေါ်တာတွေမလုပ်ဖို့ အကြံပေးပေမယ့် နော့တ်ကတော့ နားမထောင်ဘဲ သေသူတွေရဲ့ ဝိညာဉ်တွေက ပလာရဲ့ ဝိညာဉ်ကို ရှာဖွေပေးမယ်လို့ ယုံကြည်နေခဲ့တာကြောင့် ဆက်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း နော့တ်စိတ်ကူးထားသလို ရိုးရှင်းလွယ်ကူတဲ့ အခြေအနေတော့ မဟုတ်ခဲ့ပါဘူး။ သရဲ၊ တစ္ဆေတွေခေါ်ပြီး ပလာကို ရှာတွေ့ပါမလား ဆိုတာတွေကို
ဆက်လက်ကြည့်ရှုကြပါ…