Movie Name
Narratage (2017)
Year
2017
Generes
Drama, Romance
Code
02097
Type
Movie
Size
951 MB
Country
Japan
Description
ဒီကားကတော့ ဂျပန်နိုင်ငံရဲ့ အရောင်းရဆုံးအချစ်ဝတ္ထုကိုအခြေခံပြီးရိုက်ကူးထားတာပါ….ကျောင်းတစ်ကျောင်းမှာ ခပ်လှလှကျောင်းသူလေးတစ်ယောက်ရှိတယ်…ငယ်ငယ်ထဲက တစ်ယောက်ထဲနေတတ်သလိုဖြစ်နေတတ်တဲ့သူမအဖို့ကျောင်းတော်ကြီးရောက်တော့ တခြားသူတွေနဲ့ယှဉ်ရင် အထီးကျန်ဆန်သလိုဖြစ်နေတယ်… ကိုယ့်ဘဝကိုယ် ဘယ်လောက်တောင်မကျေမနပ်ဖြစ်နေသလဲဆိုတော့ သတ်သေတဲ့အထိတောင်လုပ်ခဲ့ပါတယ်…သို့ပေမယ့် ဆရာတစ်ယောက်က သူမကို ကယ်တင်ခဲ့တယ်…. အားငယ်အထီးကျန်နေတဲ့ ခပ်လှလှကျောင်းသူမလေးကို ဆရာက အကြင်နာတွေပိုခဲ့ စေတနာတွေပိုခဲ့မိတယ်….ကျောင်းရဲ့ သရုပ်ဆောင်သင်တန်းထဲကို ဆရာကထည့်ပေးခဲ့ပြန်တယ်…ကျောင်းသူလေးဟာ ဆရာအပေါ်လေးစားအထင်ကြီးစိတ်တွေအပြင် ၅၂၈ထက် အပေါင်း၁ ပိုခဲ့ပုံရပါတယ်…ကျောင်းသူလေးအတွက်တော့ တစ်ဖက်သတ်ခိုးဖတ်ခဲ့ရတဲ့ ကဗျာတစ်ပုဒ်ဖြစ်ခဲ့ပါတယ်…ဆရာကတော့ အိန္ဒြေကြီးတစ်ခွဲသားနဲ့ပေါ့…ကံကောင်းတာလား ကံဆိုးတာလားမသိ….သူမကို ချစ်နေတဲ့ကောင်လေးတစ်ယောက်ကလည်းပေါ်လာပြန်တယ်…ကိုင်းဂျပန်အချစ်ဇာတ်လမ်းလှလှလေးတွေကြိုက်တဲ့သူတွေအဖို့ ခံစားကြည့်လိုက်ပါဦးဗျို့…၁၈+ အခန်းတစ်ချို့ပါလို့ မိသားစုနဲ့ကြည့်ရင် ကျော်ပြီးကြည့်ကြပါလို့ အားနာနာနဲ့ပြောပါရစေ…