Movie Name
NOBODY KNOW (2004)
Year
2004
Generes
Drama
Code
02098
Type
Movie
Size
884 MB
Country
Japan
Description
Nobody Knows(2004)IMDb…8.1,,,Rotten…92%ဒီဂျပန်ကားက အကောင်းဆုံးဒါရိုက်တာဆု၊အကောင်းဆုံးရုပ်ရှင်ဆု၊အကောင်းဆုံးသရုပ်ဆောင်ဆုနဲ့ အခြေားဆုများအပါအဝင် စုစုပေါင်း (၁၃)ဆုရရှိခဲ့တယ်…Rating တွေကလည်း ဒီကားရဲ့အဆင့်အတန်းကိုဖော်ပြနေတယ်…ဆုအသက်၅နှစ်နဲ့၁၂နှစ်ကြား အမေတူအဖေကွဲ ကလေး၄ယောက်ရဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ Akaria, Kyoko,Shigeruနဲ့Yukiတို့ မောင်နှမလေးယောက်ဟာ သူတို့အမေနဲ့အတူ တိုကျိုကတိုက်ခန်းကျဉ်းကျဉ်းလေးမှာ ငှါးနေခဲ့ပါတယ်။ သူတို့ရဲ့ အမေက အလုပ်ကိစ္စအကြောင်းပြပြီးရက်သတ္တပတ်တော်တော်ကြာကြာ အိမ်ကထွက်သွားလေ့ရှိပါတယ်။ အိမ်ရှင်က အိမ်မှာလူအများကြီးနေခွင့်မပြုတာကြောင့်သူ့အမေနဲ့Akiraပဲတရားဝင်နေထိုင်ခွင့်ရပြီး ကျန်တဲ့ကလေး၃ယောက်ဟာ ခိုးကြောင်ခိုးဝှက်နေရပါတယ်။ သူတို့အမေက ကလေး၃ယောက်ကိုအပြင်ထွက်ခွင့်မပြုပါဘူး။ တစ်ခါမှာတော့ သူ့အမေက အလုပ်ကိစ္စခရီးသွားမယ်ဆိုပြီး လုံးဝကိုပြန်မလာတော့ပါဘူး။ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာတော့ ကားကောင်းလေးမို့ Spoilerသဘောမျိုးသက်ရောက်သွားမှာစိုးလို့ ဆက်မညွှန်းတော့ပါဘူးနော်..ဒီဇာတ်ကားထဲက အကိုအကြီးဆုံးအဖြစ် သရုပ်ဆောင် ခဲ့တဲ့ Yuya Yagiraဟာ ဒီဇာတ်လမ်းနဲ့၂၀၀၄ခုနှစ် ကိန်းစ်ရုပ်ရှင်ပွဲတော်ရဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုရခဲ့ပါတယ်။ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုရတဲ့ အသက်အငယ်ဆုံးသရုပ်ဆောင်ဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hnin Amy Khine ပဲဖြစ်ပါတယ်…