Movie Name
Principal Am I A Heroine Who Is In Love ( 2018 )
Year
2018
Generes
Comedy, Drama
Code
02100
Type
Movie
Size
906 MB
Country
Japan
Description
ဒီဇာတ်ကားလေးကတော့ 2010 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Principal ဆိုတဲ့ Manga Series လေးကို Live Action အဖြစ် ပြန်ပြီး အသက်သွင်းထားတဲ့ ဇာတ်ကားလေးပါ … မိဘနှစ်ပါးဖြစ်သူ ကွာရှင်းပြတ်ဆဲပြီးတဲ့ နောက်မှာ Shima Sumitomo ဆိုတဲ့ ကောင်မလေးဟာ သူမရဲ့ မိခင်နှင့်အတူ နေထိုင်ခဲ့ပါတယ် … ဒါပေမဲ့ ပထွေးဖြစ်သူနဲ့နေရအဆင်မပြေတာရယ် , သူမရဲ့ အထက်တန်းကျောင်းက သူငယ်ချင်းတွေနဲ့ လျှောက်လည်ဖို့ ပိတ်ပင်ခံရတာတွေကြောင့် Shima Sumitomo ဟာ သူမရဲ့ အဖေအရင်းနေထိုင်တဲ့ Hokkaido ကို ပြောင်းရွှေ့ခဲ့ပါတယ် … Hokkaido ရောက်တော့ သူမတက်ရတဲ့ အထက်တန်းကျောင်းမှာ အတန်းဖော်တွေဖြစ်တဲ့ Gen Tatebayashi နဲ့ Wao Sakurai တို့နဲ့ တွေ့ဆုံခဲ့ပါတယ် … သူတို့နှစ်ယောက်ကတော့ အထက်တန်းကျောင်းမှာ မိန်းကလေးတွေကြား ရေပန်းစား လူကြိုက်များတဲ့ ကောင်လေးနှစ်ယောက်ပေါ့ … Gen နဲ့ Wao ဟာ တစ်ဦးတစ်ယောက်အတွက် မဟုတ်ပဲ အားလုံးအတွက် ဆိုပြီး စည်းမျဉ်းလေးတစ်ခု ချထားပါတယ် … အဲ့စည်းမျဉ်းကိုဖောက်မိတဲ့သူကတော့ တကျောင်းလုံးက လူတွေရဲ့ ဝိုင်းပစ်ပယ်ခြင်းကို ခံရမှာပါ … အကြောင်းကြောင်းကြောင့် Shima Sumitomo ဟာ Gen နဲ့ Wao တို့ကို ရင်းနှီးသွားခဲ့ပါတယ် … ရင်းနှီးသွားရာကနေ တစ်ဆင့်တိုးပြီး Shima Sumitomo တစ်ယောက် ဘယ်သူ့ကို ချစ်သက်ဝင်မိမလဲ ? Gen နဲ့ Wao ကရော Shima Sumitomo အပေါ် ဘယ်လို သဘောထားမလဲ ? Gen နဲ့ Wao သူငယ်ချင်း နှစ်ဦးရဲ့ ဆက်ဆံရေးက ဘယ်လိုရှိမလဲ ? စသဖြင့် မိန်းကလေးတွေ သဘောကျ နှစ်ခြိုက်လောက်မယ့် ဇာတ်အိမ်မျိုးနဲ့ တည်ဆောက်ထားပါတယ် … Rating အရ IMDb မှာ 6.1/10 နှင့်အတူ MyDramaList မှာ 92 ရရှိထားတဲ့ ဇာတ်ကားလေးပါ … မင်းသားမင်းသမီးတွေကလဲ အချောလေးတွေ ဖြစ်တာကြောင့် ဘုရားဖူးရင်း လိပ်ဥတူးရင်း ဆိုသလို ရုပ်ရှင်ကြည့်ရင်း မျက်စိ အစာကျွေးလိုက်ကြရအောင်ဗျ