Movie Name
Teen Bride (2018)
Year
2018
Generes
Drama
Code
02102
Type
Movie
Size
827 MB
Country
Japan
Description
ပုံပြင်ထဲကမင်းသားလေးနဲ့မင်းသမီးလေး ပျော်ရွှင်စွာပေါင်းဖက်သွားကြလေသတည်းဆိုရင် Happy Endingလို့ဆိုကြတယ်။ဒီလိုပျော်ရွှင်စွာပေါင်းဖက်ပြီး နောက်ပိုင်းဘယ်သူမှစိတ်မဝင်စားကြတော့ပေမယ့် လစ်လျူရှုထားလို့တော့မဖြစ်ဘူးမလား? ဒီဇာတ်လမ်းလေးထဲမှာလဲ ဒီလိုပါပဲ။ မျက်နှာသစ်တာကအစ အိပ်ယာဝင်အဆုံး အိမ်ဖော်တွေ အိမ်တော်ထိန်းတွေက လိုက်လုပ်ပေးတဲ့ မင်းသမီးလေး “ကာရင်”… ပုံပြင်ထဲကမင်းသားလေးတစ်ပါးနဲ့ ပုံပြင်ဆန်ဆန်တွေ့ဆုံပြီးတစ်သက်လုံးပျော်ပျော်နေသွားမယ်ဆိုပြီးအမြဲအိပ်မက်နေပေမယ့် အသက်၁၆နှစ်ပြည့်မွေးနေ့မှာ မိဘတွေရဲ့စီစဉ်မှုနဲက လက်ထပ်လိုက်ရတဲ့အခါ……သူမမျှော်လင့်ထားသလို ပုံပြင်ဆန်ဆန်ပျော်စရာဘဝလေးဖြစ်လာနိုင်ပါ့မလား?အစစအရာရာပြည့်စုံနေတဲ့ဘဝကနေ သျှောင်နောက်ဆံထုံးပါ ခင်ပွန်းဖြစ်သူနောက်ကိုလိုက်သွားရတဲ့အခါ ဘာတွေဖြစ်လာမှာလဲ?စတဲ့မေးခွန်းတွေနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ချစ်စရာဂျပန်ကားလေးနာမည်က Teen Bride (2018)ပါ။မင်းသားလေးကလဲ ချစ်ဖို့ကောင်း၊မင်းသမီးလေးကလဲချစ်ဖို့ကောင်းတာမို့ ချစ်ဖို့ကောင်းလှတဲ့ ဒီဇာတ်လမ်းလေးကို ချစ်ဖို့ကောင်းတဲ့CMပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်