Movie Name
The 8 Year Engagement (2017)
Year
2017
Generes
Drama, Romance
Code
02103
Type
Movie
Size
856 MB
Country
Japan
Description
ဒီဇာတ်ကားလေးကတော့ ၈နှစ်အကြာမှလက်ထပ်ပွဲလုပ်ဖြစ်ခဲ့တဲ့ ဟီစရှစ်ဆိုတဲ့ကောင်လေးနဲ့ မိုင်ဆိုတဲ့ကောင်မလေးရဲ့ တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကို ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာက ဟီစရှစ်ဆိုတဲ့ အေးတိအေးစက် ကောင်လေးနဲ့ချစ်ဖို့ကောင်းတဲ့ကောင်မလေး မိုင် သူတို့နှစ်ယောက်ဟာ မိတ်ဆုံစားပွဲတစ်ခုမှာ တွေ့ဖြစ်ခဲ့ကြတာပါ။ ဒီလိုနဲ့ သူတို့တွေခင်မင်သွားကြရင်း သမီးရည်းစားဘဝကနေ လက်ထပ်ဖို့အထိ ဆုံးဖြတ်လိုက်ကြပါတယ်။ လက်ထပ်ပွဲအတွက်အကုန်လုံး ပြင်ဆင်ပီးတဲ့နောက်မှာ မိုင်ဟာ ရောဂါတစ်ခုကြောင့်ပြင်းထန်စွာ သတိမေ့မျောနေခဲ့တယ်။ မိုင်ဘယ်အချိန်ထိ သတိလစ်မျော့နေမှာလဲ??? ကောင်လေးကရော မိုင်ဒီလိုဖြစ်နေတဲ့အချိန် ဘာတွေလုပ်မလဲ??? မိုင်ရဲ့ မိဘတွေကရော ကောင်လေးကို ဘယ်လိုသဘောထားကြမှာလဲ??? ကောင်လေးကရောဒီ အခက်အခဲတွေကိုကျော်ဖြတ်နိုင်ခဲ့ရဲ့လား ဆိုတာကတော့ ဇာတ်ကားလေးကို ကြည့်ရှုပေးကြပါနော်။ ဖြစ်ရပ်မှန်ဇာတ်လမ်းကိုအခြေခံရိုက်ထားတဲ့ဇာတ်ကားလေးမို့ တခြားဇာတ်ကားတွေနဲ့မတူတဲ့ရသကိုသေချာပေါက်ခံစားရမှာ။ ဇာတ်ကားထဲမှာ ချစ်ခြင်းမေတ္တာတွေ အနစ်နာခံမှုတွေ စွန့်လွှတ်ပေးဆပ်ခြင်းတွေ အပြင်မိုင်ရဲ့မိဘတွေက မတော်ရတဲ့သမက်အပေါ်မှာထားရှိတဲ့ မေတ္တာတရားတွေ ကို တစ်ဝကြီးကြည့်ရှုခံစားရမှာဖြစ်ပါတယ်ရှင်။