-
Movie Name
-
Betrayed (2018)
-
Year
-
2018
-
Generes
-
Action, Crime, Thriller
-
Code
-
01001
-
Type
-
Movie
-
Size
-
840 MB
-
Country
-
Hollywood
-
Description
-
ဒုစရိုက် လောက်မှာအချင်းချင်းယုံကြည်လို့ရတဲ့သူဆိုတာမရှိပါဘူး အချင်းချင်းအာဏာတွေလုပ်ပိုင်ခွင့်တွေငွေတွေကိုကြည့်ပြီးနောက်ကျောကိုဓားနဲ့ထိုးမယ့်သူတွေကြီးပါပဲ ကိုယ့်လုပ်ငန်းအဆင်ပြေဖို့အတွက်လဲ ပါဝါရှိတဲ့အရာရှိနဲ့ပေါင်းထားဖို့ကလဲလိုပါသေးတယ် ဒီဇာတ်ကားမှာတော့မြို့တော်ဝန်အယ်ဒါဆန်ကဒုစရိုက်သမားအင်အားကြီးတဲ့ရရှားလူမျို းမီကယ်လ်ဆီကနေငွေတွေယူပြီးသူ့ရဲ့လုပ်ငန်းတွေကိုမသိချင်ယောင်ဆောင်ပေးထားရပါတယ် နောက်တဖက်မှာပဲ အလားတူကားလို့စ်နဲ့ပေါင်းပြီး မီကယ်လ်ကိုရှင်းပစ်ဖို့ကြံနေပါသေးတယ် မြို့တော်ဝန်အန်ဒါဆန်ဆီမှာအရမ်းချစ်ရတဲ့မယ်ရီဆိုတဲ့သမီးတစ်ယောက်ရှိပါတယ် မီကယ်လ်တို့ရဲ့လုပ်ငန်းဟာအပြင်ပန်းမှာတော့ကလပ်ဖွင့့်ထားပြီးတကယ့်လက်ရှိကတော့ မိန်းကလေးငယ်ငယ်တွေကိုရောင်းစား ပြီးတော့ကိုယ်ထဲကိုဘိန်းဖြူ အိတ်ထည့်ပြီးဘိန်းမှောင်ခိုလုပ်တာပဲဖြစ်ပါတယ် မယ်ရီတစ်ညမှာစုံထောက်ဖြစ်တဲ့သူငယ်ချင်းတွေနဲ့ မီကယ်လ်ရဲ့ ကလပ်ကိုသွားခဲ့ပါတယ် အဲ့ဒီညမှာပဲ သူငယ်ချင်း ဖြစ်သူစုံထောက်မလေးရည်းစားပြသနာကြုံနေချိန်မှာမယ်ရီအဖမ်းခံလိုက်ရပါတယ် မြို့တော်ဝန်အုပ်ချုပ်တဲ့မြို့မှာလဲမိန်းကလေးငယ်လေးတွေတစ်ယောက်ပြီးတစ်ယောက်ပျောက်နေတာတောင်မြို့တော်ဝန်အန်ဒါဆန်ကငွေယူထားတာမို့ဂရုမစိုက်ပဲနေပါတယ် လူတွေကကိုယ်ကိုယ်တိုင်ခံစားရမှဒုက္ခနဲ့နာကျင်မှုကိုယ်ချင်းစာတက်တဲ့အမျို းပဲ ဖြစ်ပါတယ် စုံထောက်မလေးနှစ်ယောက်ရဲ့ကြို းပမ်းမှုကြောင့်မယ်ရီကိုပြန်ရှာတွေ့ပေမယ့် မီကယ်လ်ကလဲသူ့ကိုရဲတွေဝိုင်းရှာနေတာကြောင့်မြို့တော်ဝန်ကိုသတ်ဖို့ရောက်လာခဲ့ပါတယ်နောက်ဆုံးမှာမယ်ရီကရောမီကယ်လ်လက်ကနေလွတ်မလား မီကယ်လ်ကရောဘယ်လိုအဆုံးသတ်မလဲ သူတို့ရဲ့မှောင်ခိုလောကကြီးကရောဘယ်လိုအဆုံးသတ်မလဲဆိုတာ ဇာတ်လမ်းထဲမှာစိတ်လှုပ်ရှားစွာနဲ့စောင့်ကြည့်ရမယ့်ကားလေးဖြစ်ပါတယ်