-
Movie Name
-
Vampire Cleanup Department (2017)
-
Year
-
2017
-
Generes
-
Action, Comedy, Horror
-
Code
-
01456
-
Type
-
Movie
-
Size
-
702 MB
-
Country
-
China
-
Description
-
ဟောင်ကောင်မှာ နေထိုင်ကျက်စားနေတဲ့ သွေး စုပ်ဖုတ်ကောင်တွေကို နှိမ်နင်းတဲ့အဖွဲ့အကြောင်း ဇာတ်အိမ်တည်ထားပါတယ်။
သွေးစုပ်ဖုတ်ကောင်တွေဟာ ဟောင်ကောင်မှာ ဟိုးနှစ်ပေါင်းများစွာကတည်းကရှိခဲ့တာဖြစ်ပြီး ဒါတွေကို အဓိကနှိမ်နင်းတဲ့ ဗီစီဒီ (Vampire Cleanup Department)လို့ခေါ်တဲ့ ဌာနတစ်ခုရှိပါတယ်။ အဲဒီအဖွဲ့ဟာ ညဉ့်နက်သန်းခေါင်မှာ တံမြက်စည်းလှည်းတဲ့ အဖွဲ့အနေနဲ့ ထွက်လာပြီး လမ်းမှာတွေ့သမျှ သွေးစုပ်ကောင်တွေကိုဖမ်းပြီး အမှိုက်ပုံးကြီးထဲထည့်ကာ သိမ်းဆည်းနှိမ်နင်းပစ်တာဖြစ်ပါတယ်။
တစ်ရက်မှာတော့ တင်မ်ချန်းဟာ သွေးစုပ်ကောင်တစ်ကောင်နဲ့ဆုံပြီး အသတ်ခံရလုဆဲဆဲမှာ ဗီစီဒီအဖွဲ့က အချိန်မီကယ်ဆယ်ခဲ့ပါတယ်။ တင်မ်မှာ သွေးစုပ်ကောင်တွေရဲ့ အဆိပ်ကို တွန်းကန်နိုင်တဲ့ ကိုယ်ခံစွမ်းအားရှိနေ တယ်ဆိုတာ ဗီစီဒီအဖွဲ့ရဲ့ အကြံပေးအန်ကယ်ချန်က သတိထားမိပါတယ်။
ဒါနဲ့ပဲ ဗီစီဒီအဖွဲ့က ကပ္ပတိန်ချူ၊ သရဲဆရာဂျင်ဂျာ၊ နည်းပညာကျွမ်းကျင်သူအမ်၊ လက်နက်ကျွမ်းကျင်သူ ကွေတို့ကို တင်မ်ရဲ့အကြောင်း ပြောပြပြီး ဗီစီဒီအဖွဲ့ရဲ့ မျိုးဆက်သစ်အဖြစ် ပါဝင်စေဖို့ အန်ကယ်ချန်က အကြံပြုခဲ့ပါတယ်။
ဒီလိုနဲ့ တင်မ်တစ်ယောက် ဗန်ပိုင်းယားဖမ်းတဲ့အဖွဲ့ဝင်အဖြစ် ပထမဆုံးတာဝန်ထမ်းဆောင်ချိန်မှာ အလွဲတွေကြုံရသလို သနားစရာ ဗန်ပိုင်းယားမလေး ဆန်းမားနဲ့ ဆုံခဲ့ပါတယ်။ ဆန်းမားဟာ သွေးစုပ်ဖုတ်ကောင်ဘုရင်ရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ ဒုက္ခပေးမှုတွေ ကြုံနေရတာမို့ တင်မ်က ကယ်တင်နိုင်ဖို့ ကြိုးပမ်းရင်း ကြုံရမယ့် ထိတ်လန့်စရာ၊ ရယ်မောစရာတွေကို အက်ရှင်ပြကွက်တွေနဲ့အတူ ကြည့်ရမှာပါ။
ဒီဇာတ်ကားမှာ ပါဝင်ထား သူတွေက ပရိသတ်တွေနဲ့ ရင်းနှီး ပြီးသား သရုပ်ဆောင်ကြီးတွေ ဖြစ်တာကြောင့် မမြင်တာကြာတဲ့သူတွေကို ပြန်မြင်တွေ့ရဦးမှာမို့ ပရိသတ်တွေ သဘောကျမယ်ထင်ပါ တယ်။
(ဇာတ်လမ်းအညွှန်းကိုတော့ (http://www.7daydaily.com) မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ Nyein Chan Htet ပဲဖြစ်ပါတယ်)