Movie Name
Gladiator (2000)
Year
2000
Generes
Action, Adventure, Roma
Code
02124
Type
Movie
Size
1.25 GB
Country
Hollywood
Description
ဒီကားလေးကရောမခေတ်ကိုအခြေခံရိုက်ထားတာပါ။ AD 108 ခုနှစ်လောက်မှာ ရောမအင်ပါယာတန်ခိုးကြီးထွားနေပြီး ရောမဧကရာဇ်”မားကပ်စ်အာလူးရက်ဇ်” ဟာ နယ်မြေချဲ့ထွင်လာတာ ရောမအင်ပါယာက ကမ္ဘာ့ကြီးရဲ့ ၄ပုံ၁ပုံလောက်ကို ကျယ်ပြန့်ပါတယ်။ ရောမဧကရာဇ်”မားကပ်စ်အာလူးရက်ဇ်”မှာ သမီးတာ်တစ်ပါး သားတော်တစ်ပါးနဲ့ရှိပြီး သမီးတော်ကဉာဏ်ပညာထက်မြက်ပေမယ့် သားတော်ကတော့ အကျင့်စာစရိတ္တသိပ်မကောင်းပါဘူး။ဂျာမေးနီးယားဒေသကို နောက်ဆုံးစစ်ပွဲအနေနဲ့ သိမ်းယူပြီးချိန်မှာတော့ အသက်အရွယ်ကြီးရင့်ပြီးကျန်းမာရေးယိုယွင်းလာလို့သူကွယ်လွန်ခဲ့ရင်ဆက်ခံသူ ကြေငြာဖို့ သားတော်သမီးတော်တွေနဲ့လွှတ်တော်အမတ်တွေကို ရှေ့တန်း စစ်မြေပြင်ဆီကို ဆင့်ခေါ်လိုက်ပါတယ်။ ရောမဧကရာဇ်”မားကပ်စ်အာလူးရက်ဇ်”ဟာ ရောမကို သက်ဦးဆံပိုင်အာဏာရှင်စနစ်နဲ့မသွားပဲ ပြည်ထောင်စုလိုသဘောမျိုးနဲ့ လွတ်တော်ကို အာဏာလွဲပေးပြီး ပြည်သူတွေအများဆန္ဒနဲ့အုပ်ချုပ်တဲ့ရောမမျိုး ဖြစ်စေချင်ခဲ့တယ်။ဒါကြောင့် သားတစ်ယောက်လိုအားကိုးရတဲ့ ရာထူးအာဏာမမက်တဲ့ စစ်သူကြီး “မက်စ်ဆီးမပ်” ကိုအာဏာလွဲပေးပြီး လွတ်တော်အမတ်တွေ အုပ်ချုပ်နိုင်ချိန်မှာ အာဏာလွဲပေးဖို့ ရည်ရွယ်ခဲ့ပေမယ့် သားတော်က ဧကရာဇ်ဖြစ်ချင်တဲ့လောဘကြောင့် လုပ်ကြံသတ်ဖြတ်ပြီး သူကထီးနန်းဆက်ခံခဲ့တယ်။ ဒီလုပ်ကြံမှုကို သံသယရှိတဲ့ စစ်သူကြီး “မက်စ်ဆီးမပ်” က လွတ်တော်အမတ်နဲ့ တိုင်ပင်ဖို့ကြံစည်နေတုန်းမှာပဲ အာဏာဖီဆန်မှုနဲ့ ကွပ်မျက်ဖို့ အမိန့်ပေးလိုက်ပါတယ်။ စစ်သူကြီး “မက်စ်ဆီးမပ်” မသေဘဲလွတ်မြောက်ခဲ့ပေမယ့် သူ့မိသားစုတစ်စုလုံးကတော့ အသတ်ခံလိုက်ရသလို သူလည်း ကျွန်တစ်ယောက်အဖြစ် ရောင်းစားခံလိုက်ပြီး Gladiator လို့ခေါ်တဲ့ တိုက်ခိုက်သတ်ဖြတ်ဖျော်ဖြေသူတစ်ဦး ဖြစ်လာခဲ့တယ်။ဒီ Gladiator ဘ၀ နဲ့ သူ့မိသားစုရန်ကြွေးတွေ..အရင်ဘုရင်ကြီးဖြစ်စေချင်တဲ့ ရောမကို ပြည်ထောင်စုအဖြစ် ဘယ်လိုအသက်သွင်းမလဲဆိုတာကို ဆက်လက်ရှုစားလိုက်ပါ။ ရပ်သပ်ရှုမောဖွယ် တိုက်ခိုက်ခန်းတွေနှင့်အတူ အရမ်းကို ကောင်းမွန်တဲ့ နောက်ခံတီးလုံးတွေ နားကြပ်လေးတပ်ပြီး တစ်စိမ့်စိမ့်ခံစားကြည့်ရှုလို့ကောင်းတဲ့ ဇာတ်လမ်းလေးပါ။ (ဒီဇာတ်လမ်းရဲ့ဘာသာပြန်နဲ့အညွှန်းရေးသားပေးသူကတော့ Ksh Littletwinlay ပဲ ဖြစ်ပါတယ်။)