-
Movie Name
-
RICH MAN(2018)
-
Year
-
2018
-
Generes
-
Comedy, Romance
-
Code
-
SKR0003
-
Type
-
Series
-
Size
-
6.29 GB
-
Country
-
Korea
-
Description
-
ကဲ အားလုံးမျှော်လင့်နေကြတဲ့ EXOရဲ့ Leader ကြီး
Suho main lead အဖြစ်ပါဝင်ထားတဲ့ Rich Man, Poor Woman ဆိုတဲ့
romatic comedy ကားလေးကိုတင်ဆက်ပေးလိုက်ပါပြီ
Next In ဆိုတဲ့ ITကုမ္ပဏီတစ်ခုရဲ့ CEO ဖြစ်တဲ့ လီယိုချန်း( suho ) ဟာ
လူငယ်ကျွမ်းကျင်ပညာရှင်တွေ အလုပ်ဝင်ချင်ဆုံးကုမ္ပဏီကိုတည်ထောင်ထားသူဖြစ်ပါတယ်။
အသက်၂၀ကျော်နဲ့ ကုမ္ပဏီတစ်ခုကိုတည်ထောင်ထားတဲ့ လီယိုချန်းဟာ
ကိုယ့်ကိုကိုယ်အထင်ကြီးပြီး လူတွေကိုတော်ရုံတန်ရုံနဲ့မယုံတတ်တဲ့အပြင်
လူတွေရဲ့မျက်နှာကို မှတ်မိနိုင်စွမ်းမရှိပါဘူး။ ဂျယ်ဂျူကျွန်းမှာ မွေးဖွားခဲ့တဲ့
ကင်ဘိုရာ(Ha Yeon-Soo) ကတော့ ထက်မြတ်ပြီး မိသားစုကဂုဏ်ယူရတဲ့
ကောင်မလေးတစ်ယောက်ပါ။ ဆိုလ်းမှာကျောင်းတတ်နေတဲ့ သူမကို
မိသားစုက အများကြီးမျှော်လင့်ထားပြီး သူမရဲ့အိမ်မက်ကတော့
Next In မှာအလုပ်ရဖို့ပါပဲ။ သွက်လက်ထက်မြတ်တဲ့ ကောင်မလေး
ကင်ဘိုရာကို သဘောကျတဲ့ Nest In ရဲ့ ဒုဥက္ကဌအဖြစ် မင်ထယ်ဂျို
(Oh Chang Suk)က ပါဝင်သရုပ်ဆောင်ထားပြီး လီယိုချန်းကို
စိတ်ဝင်စားနေတဲ့ မင်ထယ်ရာကတော့ မင်ထယ်ဂျိုညီမ ပြခန်းမှူးတစ်ယောက်ပဲဖြစ်ပါတယ်။
ဒီကားလေးက 2012ကထွက်ရှိထားတဲ့ ဂျပန် romatic ကားလေးကို
ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး CEOလေး လီယူချန်း (suho) တစ်ယောက်
ခပ်သွက်သွက်ကောင်မလေး ကင်ဘိုရာနဲ့တွေ့ဆုံပြီး သူတို့ဘဝတွေ
ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကိုတော့ စိတ်ဝင်တစားနဲ့စောင့်ကြည့်ရမှာပါ။