Movie Name
John Carter (2012)
Year
2012
Generes
Action, Adventure, Roma
Code
02133
Type
Movie
Size
805 MB
Country
Hollywood
Description
ဂျွန်ကာတာဆိုတဲ့ ဇာတ်ကားဟောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ကာတာ ဟာဆိုရင် အမေရိကန်ပြည်တွင်းစစ်တုန်းက ပါဝင်ခဲ့တဲ့ စစ်မှုထမ်းဟောင်း တစ်ယောက်ပေါ့ဗျာ။သူဟာ အခုချိန်မှာ အတိတ်ကဖြစ်ရပ်ဆိုးတစ်ခုကြောင့် အေးဆေး စွာနေချင်တဲ့ သူတစ်ယောက်ပေါ့။သူ့ကို စစ်မှု့ပြန်ထမ်းခိုင်းရာကနေစပြီး သူ့ဘဝကို လုံးဝပြောင်းလဲသွားစေတဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။သူဟာ အိန္ဒိယန်းလူနီတွေရဲ့ လက်က လွတ်မြောက်ဖို့ ပုန်းအောင်းရာကနေ ဂူတစ်ခုထဲမှာ ထူးဆန်းတဲ့ လူတစ်ယောက်နဲ့တွေ့ပါတယ် သူက အဲ့လူ ရွတ်ဆိုတဲ့ ဂါထာကိုရွတ်ဆိုလိုက်တဲ့အခါမှာ…..သူဟာ မေ့မျောသွားပါတယ်။ သူပြန်သတိရတဲ့ အချိန်မှာသူဟာ သူမသိတဲ့ နေရာတစ်ခုကိုရောက်တာနေတာပါ။ ခြေစုံ ထရပ်တဲ့ အခါမှာလည်း ထူးဆန်း အံ့အားသင့်စရာတွေ တွေ့ရပြန်ပါတယ်။ ထူးဆန်းတဲ့ သတ္တဝါတွေ မျိုးနွယ်စုတွေ နဲ့ အတူ သူဟာ ကမ္ဘာပေါ်မှာ မဟုတ်တော့ဘူးဆိုတာသိခဲ့ရပါတယ်… ဒါဆိုသူဘယ်ရောက်နေတာလဲ….. သူရောက်နေတဲ့ နေရာ မျိုးနွယ်စုတွေ ရဲ့ အရှုပ်အထွေး ကြား ထဲမှာ ညှပ်ပါရင်း သူတို့ ကြားထဲမှာ လူထူးဆန်းဖြစ်နေတဲ့ ကာတာ တစ်ယောက် အရှုပ်အထွေးတွေကို ရင်ဆိုင် ရပါတော့မယ်။ အိမ်ကိုချစ်တဲ့ စစ်သားကြီး ကာတာ တစ်ယောက် ရွှေကို ချစ်တဲ့ ကာတာ တစ်ယောက် အိမ်ရောက်အောင်ဘယ်လိုပြန်မလဲ ….. ပြန်ကောပြန်ချင်သေးရဲ့ လား ဘာကြောင့်လဲ ဆိုတာတွေကို စိတ်ဝင်စားဖွယ် မြင်ကွင်းများနဲ့ ကြည့်ရှု့ရမှာပါ။