Movie Name
Prince Of Persia (2010)
Year
2010
Generes
Action, Adventure, Fantasy, Roma
Code
02139
Type
Movie
Size
758 MB
Country
Hollywood
Description
Prince of Persia:The sands of Time(2010)Jake Gyllanhaal ပါတဲ့ရုပ်ရှင်တွေဟာ မကောင်းတာ မရှိသလောက်ပါ။ ဒီတစ်ခါတော့2003က နာမည်ကျော် ဂိမ်းဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ Prince of Persiaကို ရိုက်ကူးထားတဲ့ Prince Of Persia the Sands Of Timeကို တင်ဆက်ပေးချင်ပါတယ်။တာဝတိံသာ နတ်ရွာလော…လို့ဆိုရမဲ့ အယ့်လမတ် မြို့ကလေးရဲ့ နန်းမြင့်ဘုံဆောင်မှာ အချိန်ရဲ့သဲထည့်ပြီး ဓားရိုးကကျောက်ကိုနှိပ်ရင် အချိန်ကာလတစ်ခုကြာ အချိန်နောက်ပြန်သွားတဲ့ ဓားတစ်ချောင်းကို ထိန်းသိမ်းထားပါတယ်။ ပါရှားပြည်ရဲ့ မင်းသားသုံးယောက်ဦးဆောင်တဲ့ စစ်တပ်ဟာ ဒီမြို့ကလေးက ရန်သူအတွက် လက်နက်လုပ်ပေးနေတဲ့မြို့ပါဆိုပြီး တိုက်ခိုက်ခဲ့ပါတယ်။ မြို့ကလေးကို သိမ်းပိုက်အောင်မြင်ပြီးတဲ့အချိန်မှာပဲ ပါရှန်းဘုရင်ဟာ အဆိပ်ခတ်လုပ်ကြံခံခဲ့ရပြီး တရားခံက အငယ်ဆုံးမင်းသား မွေးစားသားလေးလို့ စွပ်စွဲခံခဲ့ရပါတယ်။ ပါရှန်းမင်းသားနဲ့ အယ့်လမတ်ရဲ့ မင်းသမီးလေးဟာ ကန္တာရထဲ ပါရှန်းစစ်တပ်ရန်ကပြေးရင်း အချိန်ရဲ့သဲ နဲ့ ဓားမြှောင်ကို ကာကွယ်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ပါရှန်းပြည်ကြီးကိုရော ကမ္ဘာကြီးကိုရော ကာကွယ်ရမဲ့ ပါရှန်းမင်းသားရဲ့ Fighting Skillအလန်းတွေကို ကြွေရမဲ့ကားလည်း ဟုတ်ပါတယ်။ ကလေကချေမင်းသားလေးနဲ့ အပေအတေမင်းသမီးလေးတို့ရဲ့ ကန္တာရထဲက ဗရုတ်သုတ်ခ တစ်ထောင့်တစ်ညတွေကို Jakeနဲ့ မင်းသမီးချောGamma Arttertonက လိုက်ဖက်ညီညီ သရုပ်ဆောင်သွားတဲ့အပြင် Ben Kingsleyကြီးရဲ့ မျက်ခွက်ကလည်း ထုံးစံအတိုင်း ဖြတ်ရိုက်ချင်စရာ ကောင်းနေတုန်းပါပဲ။Rating.. 6.6 ရထားပြီး Fantasy, Magical Genreကားတွေကို သဘောကျတဲ့လူတွေအတွက်တော့ အတော်ကောင်းမဲ့ ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူတော့ WiRa Aung ဖြစ်ပါတယ်။)