-
Movie Name
-
Accidentally In Love
-
Year
-
2018
-
Generes
-
Comedy, Romance
-
Code
-
SC0076
-
Type
-
Series
-
Size
-
7.21 GB
-
Country
-
China
-
Description
-
Admin တွေ Translator တွေရဲ့ အချစ်ရေးက အေးအေးဆေးဆေးနွေးနွေးထွေးထွေးဖြစ်တော့ ကိုယ်တွေဘဝနဲ့ အသားကျတဲ့ လူငယ်ဆန်ဆန် Romance Chinese Ongoing Mini Series လေးတစ်ခုနဲ့ မိတ်ဆက်ပေးမယ်နော် … လူငယ်ဆန်ဆန်ဆိုတော့ ပေါ့ပေါ့ပါးပါးနဲ့ ရီကာမောကာ ကြည့်လို့ရတာပေါ့ … Mini Series သာခေါ်တာ အပိုင်းက 32 ပိုင်းတည်းပါ :3 နောက်တစ်ခုက KPop ပရိသတ်တွေ အကြိုက်တွေ့စေမယ့် KPopper တွေသာ နားလည်နိုင်မယ့် သဘောတရားတချို့လဲ ပါဝင်ပါတယ်နော် … ဇာတ်လမ်းအကျဉ်းလေးပြောရမယ်ဆိုရင် – မင်းသားကတော့ စီတုဖန် လို့ ခေါ်တဲ့ လူငယ်အမျိုးသမီးတွေကြား လူကြိက်များ ရေပန်းစားပြီး ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီး တစ်ယောက်ပေါ့ … သူက ရေပန်စားနေတဲ့ အဆိုတော်တစ်ယောက်လဲ ဖြစ်ပြီး မြောင်ဒီကောလိပ်မှာ ကျောင်းတက်နေတဲ့ ကျောင်းသားတစ်ယောက်ပါ … လူတိုင်းစောင့်ကြည့်နေလျှက်ရှိတဲ့ idol တစ်ယောက်လဲ ဖြစ်တာပေါ့ … မင်းသမီးလေးက ချန်ကျင်ကျင် လို့ ခေါ်ပြီး သူ့အဘိုး စီစဉ်တဲ့ မင်္ဂလာဆောင်ကနေ ထွက်ပြေးလာပြီး သူ့အဖေနဲ့အမေ တက်ခဲ့တဲ့ မြောင်ဒီကောလိပ် ကို တက်ကြည့်ဖို့အတွက် ယွင်ချန် မြို့ ကို ထွက်ပြေးလာသူ တစ်ယောက်ပေါ့ … သူ့အဘိုးလူတွေ လိုက်ဖမ်းလို့ ရုပ်ဖျက်ပြီး ရှောင်တိမ်းနေတဲ့ ဆံပင်တိုတို ပုတုတုနဲ့ ပေတိပေစုတ် ရုပ်ဆိုးမလေးပါ … စီတုဖန် နဲ့ ချန်ကျင်ကျင် တို့ဟာ မထင်မှတ်ပဲ မမျှော်လင့်ထားတဲ့ အခြေအနေမျိုးနဲ့ ကြုံတွေ့ခဲ့ရပြီး အကြောင်းရင်းတစ်ခုကြောင့် စီတုဖန် က ချန်ကျင်ကျင် ကို ပွဲတစ်ခုမှာ သူ့ရဲ့စေ့စပ်ထားတဲ့ကောင်မလေးပါလို့ ကြေငြာခဲ့ပါတယ် … အဲ့ဒီနောက်မှာစပြီး မတည့်ပဲ ကိုက်ကြတော့တာပဲ :3 စီတုဖန် ကလဲ မြောင်ဒီကောလိပ်မှာ တက်နေတဲ့ ကျောင်းသားတစ်ယောက်ဖြစ်တာကြောင့် ကျောင်းကလဲ အတူတူ ထိုင်ခုံကလဲ ဘေးချင်ကပ်ပြီး အတူတူထိုင်ရသောအခါ … တယောက်နဲ့တယောက် အမြင်မကြည်ရင်း နောက်ဆုံးဘယ်လိုတွေ ချစ်သွားကြမလဲ ဆိုတာကိုတော့ Accidentally in Love ဆိုတဲ့ ဇာတ်ကားလေးမှာ ကြည့်ရှုလိုက်ကြပါနော် … မရယ်ရမှာတော့မပူနဲ့ စလာထဲကခွီနေရတာရယ် … ကောင်မလေးကလဲ အရမ်းကိုစွာပြီး ကောင်လေးကလဲ ထိုနည်းတူပါ … ဒါ့အပြင် မြောင်ဒီကောလိပ်ရဲ့ King တွေဖြစ်တဲ့ ကောင်လေးချောချော 2 ယောက်ချောချောလဲ ကြည့်ရှုသူ ဣတ္ထိယတွေ သရေထိုင်ကျလို့ရအောင် ထည့်ပေးထားပါသေးတယ် … Rating အရ ကြည့်မယ်ဆိုလဲ MyDramaList မှာ 8.8/10 ရရှိထားတဲ့ Chinese Comedy , Romance , School ဇာတ်လမ်းလေးပါ …