Movie Name
School Tales (2017)
Year
2017
Generes
Horror
Code
01493
Type
Movie
Size
766 MB
Country
Thai
Description
2017 ခုနှစ်ထွက် ထိုင်းသရဲကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်ကားလေးကတော့ Make Me Shudder တို့လို ကျောင်းသားသရဲကားလေးပါIMDb မှာတော့ 5.1 ရထားပါတယ် စာဖိုင်မထွက်တဲ့ကားလေးကို ကိုယ်တိုင်ဖန်တီးတင်ဆက်ပေးလိုက်ပါတယ် ညကြည့်ကားလေးလာပါပြီ ဒီကားလေးကြည့်ပြီးရင် ကျောင်းကစာကြည့့်တိုက်တို့practical ခန်းတို့ ဂီတခန်းတို့ရောက်ရင် စိတ်မသန့်ဖြစ်ပြီးကျီးကန်းတောင်းမှောက်လျှောက်မကြည့်ကြပါနဲ့ဗျာတော်ကြာပြေးပြေးမြင်မိနေမှာစိုးလို့ပါငိငိ ဖြစ်ပုံကအထက်တန်းကျောင်းတစ်ခုမှာ အဆောက်အဦးအမှတ်၃ က သရဲခြောက်လို့နာမည်ကြီးပေါ့ဗျာတစ်နေ့ကျ သူငယ်ချင်းတစ်စု စာစကားမြောက်လို့ ဆိုပြီးဆရာကအပြစ်ပေးတဲ့အနေနဲ့ ဂီတခန်းကတူရိယာတွေကိုသန့်ရှင်းဖို့အပြစ်ပေးလိုက်ပါတယ် သိတဲ့အတိုင်းပဲလူစုံတော့လည်းရောက်တတ်ရာရာပေါက်ပန်းသေးကနေပြောစရာမရှိရှာကြံပြီးသရဲအကြောင်းရောက်သွားတာပေါ့ဗျာသရဲ fan တွေထင်ပါ့ အဲ့လိုနဲ့သူသိတာကိုယ်နားထောင် ကိုယ်သိတာသူ့ကိုဖလှယ်ကြနဲ့အလုပ်တွေဖြစ်ပြီးဂီတခန်းကသရဲအစစာကြည့်တိုက်သရဲပါမကျန်အကုန်အတင်းပြောခံရတာပေါ့ မလွယ်ဘူးနော်သရဲတောင်အတင်းပြောခံရတယ် ဘယ်လိုဘယ်သင်းဘာညာသာဒကာ ဝေဖန်ုကြတာပေါ့ဗျာ သရဲလည်းလူကနေဖြစ်တာပဲအတင်းပြောတာဘယ်ကြိုက်မလဲဗျာ ပိုဆိုးတာက စူပါသတ္တိခဲအဖွဲ့ကတစ္ဆေဖမ်းထွက်မယ်ဆိုပြီးလူခွဲရှာသတဲ့အဲ့ဒီလိုနဲ့နောက်ဆုံးတစ်ကျောင်းလုံးကသရဲ ၄,၅ ကောင်ထခြောက်စေမယ့်စည်းမျဉ်းတွေအတိုင်းလုပ်တော့တာပေါ့volume လေးတော့လျော့ကြည့်ကြပါဗျာ သရဲကားဆိုပေမယ့်လည်း သရဲတောင်ပြန်ပြီးသနားသွားမိပါတယ်သူ့ခမျာကောင်းကောင်းမသေရလို့သရဲဘဝရောက်နေတာတောင် မလေးမစားလိုက်ဖမ်းခံရသေးနောက်ပိုင်းရောက်လေလေပိုပြီးစိတ်ဝင်စားစရာကောင်းလာပါတယ် သရဲကားဆိုပေမယ့်လည်းဇာတ်အသွားအလာလေးက ဝမ်းနည်းစရာ /စိတ်ဝင်စားစရာကောင်းတဲ့ကားလေးပါအတော်ကြောက်မိတဲ့ဲအဲလေ အတော်ကြိုက်မိတဲ့သရဲကားလေးတစ်ကားပါပဲဗျာငိငိ