Movie Name
Death Bell (2008)
Year
2008
Generes
Horror, Thriller
Code
01499
Type
Movie
Size
578 MB
Country
Korea
Description
ဒီတစ်ခါ တင်ဆက်ပေးမဲ့ကားကတော့ horror ဆန်ဆန် စိတ္ဆဇ ဆန်ဆန် ကိုးရီးယားကားလေးပဲ ဖြစ်ပါတယ် ဇာတ်လမ်းအညွှန်းကတော့ ချန်ဂင်အထက်တန်းကျောင်းမှာအရင်ကစာအရမ်းတော်တဲ့ ကင်ဂျီဝန်ဆိုတဲ့ ကျောင်းသူလေးတစ်ယောက်ရှိတယ် တစ်နေ့မှာ အဲကျောင်းသူလေးက ကိုယ့်ကိုယ်ကိုယ် သတ်သေတယ် ဆိုပြီးဆုံးသွားခဲ့တယ် အဲဒီလိုနဲ့ပဲ ၂နှစ်လောက်ကြာပြီး နောက်စာသင်နှစ် အဆုံးမှာကျောင်းအုပ်ကြီးကကျောင်းရဲ့အတော်ဆုံးသူတွေ စုပြီးတော့ အထူးတန်းတစ်တန်း လုပ်ဖို့ တာဝန်ပေးခဲ့တယ် အထူးတန်းစတဲ့နေ့ကစပြီး ကျောင်းမှာ မသင်္ကာစရာတွေ စဖြစ်လာပါတော့တယ် တစ်စုံတစ်ယောက်က မေးခွန်းတွေ ထုတ်ပြီး မဖြေနိုင်ခဲ့ရင် ကျောင်းသားတွေ တစ်ယောက်ချင်းစီ စတေးရတဲ့ အဖြစ်မျိုးကို ဖန်တီးခဲ့ပါတယ် ကင်ဂျီဝန် သေခဲ့တာကကော သွေးရိုးသားရိုး ဟုတ်ရဲ့လား ?? ကင်ဂျီဝန်ကပဲ အငြိုးနဲ့ လက်စားချေနေတာလား ?? နောက်ကွယ်ကကော ဘယ်သူရှိနေလဲ?? ဘာကြောင့် ဒီလိုလုပ်ရတာလဲ?? ထပ်ပြောရင် ဇာတ်လမ်းရသ ပြယ်မှာစိုးလို့ ဇာတ်လမ်းထဲမှာပဲ ကိုယ်တိုင်ကြည့်ကြည့်လိုက်ကြနော် မင်းသားကြီး Lee Beom Soo နဲ့ F4 မင်းသား Kim Bum တို့ ပါဝင်ထားတာဆိုတော့ ကြည့်ကောင်းမှာ မပူရပါဘူး Ratingမှာလည်း IMDb 5.7/10ထိရရှိထားတဲ့Horror movieလေးပါ