Movie Name
Inherent Vice (2014)
Year
2014
Generes
Comedy, Crime, Drama
Code
02165
Type
Movie
Size
797 MB
Country
Hollywood
Description
IMDb (6.7/10)…Rotten Tomatoes (74%)၁၉၆၀ ပြည့်လွန်နှစ်များကုန်ခါနီးက ဆိုင်ခီဒဲလစ်ဆေးဝါးများ trip နှင့် Groovy တို့ကဲ့သို့ ဝေါဟာရများရေပန်းစားနေချိန်တွင် အလွတ်စုံထောက် Doc Sportello ၏ဇနီးဟောင်းသည် Doc ထံ ရုတ်တရက်ပြန်ရောက်လာပြီး သူမရဲ့လက်ရှိချစ်သူ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီးကို ပြန်ပေးဆွဲကာ စိတ်ကျန်းမာရေးဆေးရုံပို့ဖို့ ကြံစည်နေကြောင်း ပြောပြသည်။Doc က ထိုဇာတ်ရှုပ်တွင် သူဘယ်လိုပါဝင်ပတ်သက်ရမှန်း မသိ ပေ။ ဇနီးဟောင်းပြောပြသောကိစ္စကို သူယုံရခက်နေသည်။ ပင်လယ်လှိုင်း စီးသူများ၊ အကြံအဖန်များ၊ ဇိမ်ခေါင်းများ၊ ဘိန်းစားများ၊ ရော့ခ်ဂီတသမားများ၊ လူသတ်သော ငွေတိုးချေးစားသူများ၊ စုံထောက်လုပ်သော ဆက်ဇိုဖုန်းပညာ၊ Golden Fang အမည်ရှိ ပဟေဠိဆန်သူတစ်ဦးနှင့် သွားရောဂါကုဆရာဝန်တစ် ဦး စသည့် ဇာတ်ကောင်စရိုက်မျိုးစုံပါဝင်သော ဤဇာတ်ကားမှာ အရောင်း ရဆုံး အမေရိကန်စာရေးဆရာThomas Pynchon ၏ဝတ္ထုကို Paul Thomas Anderson က မှီငြမ်းရိုက်ကူးခြင်းဖြစ်သည်။ Paul ၏သတ္တမမြောက်ရုပ်ရှင် ဇာတ်ကားဖြစ်ပြီး Pynchon ၏ ဝတ္ထုများ အနက် ရုပ်ရှင်ရိုက်ကူးဖြစ် သည့်ပထမဆုံးဝတ္ထုလည်းဖြစ်သည်။ Joaquin Phoenix ၊Reese Witherspoon ၊Josh Brolin နှင့် Owen Wilson စသည့် ကမ္ဘာကျော် ဟောလိဝုဒ်သရုပ်ဆောင် ပေါင်းများစွာ ပါဝင်ထားသည်။ Pynchon သည် စာရေးကျဲသူဖြစ် ပြီး အိမ်တွင်းပုန်းကဲ့သို့ နေထိုင်သော ပဟေဠိဆန်ဆန် စာရေး ဆရာတစ်ဦးဖြစ်သည်။