Movie Name
Pan (2015)
Year
2015
Generes
Adventure, Comedy, Fantasy
Code
02172
Type
Movie
Size
1.35 GB
Country
Hollywood
Description
Channel Myanmar ပရိတ်သက်ကြီးမျှော်လင့်နေတဲ့ Pan 2015 ဇာတ်ကားကောင်းလေးပါ။ ငယ်ငယ်တုန်းက ကြည့်ခဲ့ကြဖူးတဲ့ Peter Pan ကာတွန်းကားလေးကို မှတ်မိကြသေးလားမသိဘူး? အခုတင်ပေးမယ့်ကားကတော့ အဲဒီကာတွန်းကားကို ရုပ်ရှင်အနေနဲ့ပြန်ရိုက်ကူးထားတာလေးပါ။ စူးစမ်းချင်စိတ်ရှိပြီး ဖြတ်ထိုးဉာဏ်ကောင်းတဲ့ အသက်၁၂နှစ်အရွယ် မိဘမဲ့လေး ပီတာဟာ တစ်နေ့မှာတော့ မိုးပေါ်ပျံနိုင်တဲ့ ပင်လယ်ဓားပြလှေကြီးတစ်စီးရဲ့ဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံရပြီး Neverland ဆိုတဲ့ပဉ္စလက်ဆန်တဲ့ကျွန်းကို ခေါ်ဆောင်သွားခံခဲ့ရပါတယ်။ အဲဒီကျွန်းမှာ ပင်လယ်ဓားပြခေါင်းဆောင် ကြီးအတွက် Pixumလို့ခေါ်တဲ့ကျောက်မျက်တွေရှာဖွေပေးရတဲ့ ကျောက်တူးသမားအဖြစ်ခိုင်းစေခံနေရရာက သူကိုယ်တိုင်မသိခဲ့တဲ့ သူ့ရဲ့စွမ်းအားတွေကို ရှာဖွေတွေ့ရှိလာပြီးသူ့ဘဝအစစ်အမှန်ကို ရှာတွေ့ဖို့လမ်းစတွေပေါ်လာခဲ့ပါတော့တယ်။ အဲဒီကနေ သူ့မိခင်အရင်းကိုရှာဖွေဖို့ကြိုးစားရင်း ပီတာလေး ဘယ်လိုအခက်အခဲတွေကြုံရမလဲ၊ ပင်လယ်ဓားပြခေါင်းဆောင်ကြီးနဲ့ ဘယ်လိုထိပ်တိုက်ရင်ဆိုင်ရမလဲဆိုတာတွေ တွေ့ရမှာပါ။ ငယ်ဘဝကာတွန်းဇာတ်ကောင်ကို ကင်မရာအထူးပြုလုပ်ချက်တွေနဲ့ လှပအောင်ဖန်တီးထားတဲ့ရုပ်ရှင်ဖြစ်တာမို့ Fairy Tale ကြိုက်သူတွေအတွက်တော့ ကြည့်ရကျိုးနပ်တဲ့ဇာတ်ကားဖြစ်မှာပါ။ ဒီဇာတ်ကားဟာ IMDB မှာတော့ Rating 6 အထိရထားပြီး Rotten Tomatoes မှာတော့ 26% ရထားတာဖြစ်ပါတယ်။