Movie Name
Demi-Gods And Semi-Devils ( တိမ်လွှာနဂါးသူရဲကောင်းများ)
Year
2003
Generes
Action, Historical
Code
SC0079
Type
Series
Size
9.64 GB
Country
China
Description
” တိမ်လွှာနဂါးသူရဲကောင်းများ ” ဟိုး…လွန်လေပြီးခဲ့သော ၁၉၅၀-၁၉၆၀ ခုနှစ်ဝန်းကျင်တွေမှာ သိုင်းလောကသားတွေရဲ့နှလုံးသားကို ဖမ်းစားလှုပ်ကိုင်နိုင်ခဲ့တဲ့ :: သိုင်းဇာတ်လမ်းပေါင်းများစွာ အပြိုင်းအရိုင်းပေါ်ထွက်လာခဲ့ပါတယ် ရိုးရိုးဝတ္ထုတစ်အုပ်စာ ရုပ်ရှင်အနေနဲ့ တစ်နာရီခွဲဝန်းကျင်စာ သိုင်း ဇာတ်လမ်းတွေမှ ဝတ္ထုစာအုပ် ၅ အုပ်တွဲ ၁၀ အုပ်တွဲမှ ၁၆-၁၇ အုပ်တွဲ လောက်အထိ အခန်းဆက်ပေါင်းများစွာ ဇာတ်ဆောင်ပေါင်းများစွာ ပါဝင်သရုပ်ဖော်ထားကြတဲ့ သိုင်းဇာတ်လမ်းများလည်း အပြိုင်ပေါ်ထွက်လာခဲ့ပါတယ် ၎င်းသိုင်းဇာတ်လမ်း များထဲမှ ကျနော်တို့သတိပြုမိ နှစ်သက်မိခဲ့တဲ့ သိုင်းဝတ္ထုဇာတ်လမ်းများကို လက်ရာကောင်းမွန်သေသပ်စွာသီကုန်းနိုင်ခဲ့တဲ့ စာရေးဆရာကြီးကျင်းယုံရဲ့ လက်ရာမွန်များဖြစ်သော သိန်းငှက်သူရဲကောင်း အတွဲ(၂) နဲ့ သိုင်းလောကရဲ့စိန်ခေါ်သံ တို့ကို channelmyanmar မှ သိုင်းချစ်သူများအတွက် တင်ဆက်ပေးခဲ့ပြီးပါပြီ ယခုတစ်ဖန် ပြန်လည်တင်ဆက်ပေးချင်တဲ့ သိုင်းဇာတ်လမ်းတွဲတစ်ခုကတော့ ဆရာကြီးကျင်းယုံရဲ့လက်ရာမွန်တစ်ခုဖြစ်တဲ့ Dami-gods and semi-devils ပဲဖြစ်ပါတယ် ကျနော်တို့ မြန်မာပြည်က သိုင်းလောကသားတွေကတော့ စာအုပ်အဖြစ် `လွမ်းငွေ့ဝေဖြာ သိုင်းကမ္ဘာ´ လို့သိထားခဲ့ပြီး ဇာတ်လမ်းအနေနဲ့လည်း `တိမ်လွှာနဂါး သူရဲကောင်းများ´အဖြစ်သိရှိထားခဲ့ပြီးသားပါ သို့ပေမယ့် ခေတ်ဟောင်းက သိုင်းဇာတ်လမ်းတွေကိုမှ ရင်ခုန်စိတ် ဝင်စားတတ်ကြတဲ့ သူတွေအတွက်ရော ခုခေတ်ညီ/ညီမငယ်တို့အတွက်ပါ အပြင်မှာ လုံးဝမရှိသလာက်ရှားသွားပြီဖြစ်တဲ့ ကြည်တောက်ရှင်း ဗားရှင်းနဲ့တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ:::::::: ဇာတ်လမ်းကိုနည်းနည်းလောက်ညွှန်းစာပြရရင်တော့ တရုပ်ပြည်မကြီးထဲကို သီချင်းလေးတစ်အေးအေးနဲ့ အလည်လာခဲ့တဲ့ ခေတန်လူမျိုးမိသားစုလေးတစ်စုဟာ လမ်းခရီးမှာ ကြမ္မာငင်စွာပဲ လူတစ်စုရဲ့ရက်စက်စွာလုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရပါတယ် ::: နောက် သိုင်းပညာမသင်ချင်တဲ့အတွက် တလိပြည်ကထွက်ပြေးလာခဲ့တဲ့ မင်းသားလေးသွမ့်လန်::: သိုင်းပညာထက်မြက်ပြီး အမှန်တရားကို အသက်ထက်မြတ်နိုးလို့ သူရဲကောင်းပီသလှတဲ့ တရုပ်ပြည်မကြီးရဲ့ မြောက်ပိုင်းချောင်ဖုန်းလို့ နာမည်တွင်ရလောက်သော သူတောင်းစား ဂိုဏ်းအတွင်းမှ မကြာခင် ဂိုဏ်းချုပ်ရာထူးကိုလွှဲပြောင်းရရှိတော့မယ့် ချောင်ဖုန်း:::: ယန်နိုင်ငံတော်ကြီးကို ပြန်လည်ထူထောင်ရမယ်ဆိုတဲ့ ဘိုးဘေးတို့ပေးအပ်ခဲ့တဲ့ ကြီးမားတဲ့တာဝန်ကိုထမ်းပိုးထားခဲ့ရတဲ့ တောင်ပိုင်းမုလုံ လို့နာမည်ကြီထင်းရှားတဲ့ ကုစုမုလုံဖု:::ရိုးသားဖြူစင် ပြီး ဂိုဏ်းစည်းကမ်းကိုတန်ဖိုးထားတတ်တဲ့ ရှောင်လင်ကျောင်းတော် ကြီးမှ ကိုရင်လေးဖူကျို့ :::: အလုပ်ကြံခံခဲ့ရတဲ့ ခေတန်မိသားစုကရော ဘယ်လိုအကြောင်းကြောင့် လုပ်ကြံခံခဲ့ရတာလဲ သိုင်းပညာမသင်ကြားချင်ခဲ့တဲ့ တလိမင်းသားလေးသွမ့်လန်ကရော သူ့ဆန္ဒပြည့်ဝနိုင်ပါ့မလား မြောက်ပိုင်းချောင်ဖုန်းနဲ့ တောင်ပိုင်းမုလုံဖုတို့ကရော သူတို့ရဲ့နာမည်ကျော်ကြားမှုအတိုင်း တကယ်ပဲထိုက်တန်ကြရဲ့လား ဖူကျို့ကိုရင်လေးရဲ့ ဘဝခရီးကရော သူမျှော်မှန်းခဲ့သလို အေးချမ်းနိုင်ပါ့မလား သူတို့သူတို့တွေရဲ့ ထူးခြားလှတဲ့ဘဝအလှည့်အပြောင်းတွေ အချစ်အမုန်း ရန်ငြိုးအာဏာ ရမ္မက် ရာထူးဂုဏ်ဒြပ် လွမ်းမောဖွယ် အချိုးအလှည့် အယိမ်းအနွဲ့တွေကြားမှာ ပြောင်မြောက်လှတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ပဲ ညွှန်းဆိုလိုက်ပါရစေခင်ဗျာ :::: ဇာတ်လမ်းထဲမှာပါတဲ့ နဂါးနိုင်လက်ဝါးသိုင်း ၁၈ ကွက် , ဆန်းကြယ်လှိုင်းခြေလှမ်း , ရှောင်းယောင်သိုင်း , တလီပြည်နယ်ရဲ့ပြိုင်စံရှားသိုင်းကွက်ဖြစ်တဲ့ သဏာန်မဲ့နတ်လက်ညိုးသိုင်း စတဲ့သိုင်းတွေဟာတချိန်တုန်းက ကျွန်တော်တို့သိုင်းချစ်သူတွေအရူးအမူးစွဲလန်းခဲ့ဖူးမှာပါ တိမ်လွှာနဂါးသူရဲကောင်းများဇာတ်လမ်းဟာ အားလုံးသိကြတဲ့ မက်မွန်မြေက ချစ်တေးတစ်ပုဒ် သိမ်းငှက်သူရဲကောင်း , နဂါးနိုင်ဓါး စတဲ့ ဇာတ်လမ်းတွေရဲ့ Timeline မတိုင်ခင် 11 ရာစုနှစ်က အကြောင်းကိုဇာတ်လမ်းဆင်ရေးဖွဲ့ခဲ့ပါတယ်.သိုင်းချစ်သူတွေအနေနဲ့ ဗဟုသုတရအောင်ပြောရမယ်ဆိုရင် မက်မွန်မြေက ချစ်တေးတစ်ပုဒ် နဲ့ သိမ်းငှက်သူရဲကောင်း ဇာတ်လမ်းကို 13 ရာစုအချိန်ကာလနဲ့ဇာတ်လမ်းတည်ပြီး နောက်ဆုံး နဂါးနိုင်ဓါးကိုတော့ 14 ရာစုနှစ် အချိန်ကာလနဲ့ဇာတ်လမ်းတည်ပြီးဖန်တီးခဲ့ပါတယ် အခုတော့ condor trilogy မတိုင်အစ မြစ်ဖျားခံရာ ဇာတ်လမ်းလေးကို အကြည်လင်ဆုံးရုပ်သံ နဲ့ ဘာသာပြန်မှုတွေနဲ့အတူ ပြန်လည်ခံစားကြည့်ပါဦး အပိုင်း40 တိတိရှိပါတယ်..တရက်ကိုနည်းနည်းချင်းစီတင်ပေးသွားပါမယ်