Movie Name
Gods Of Egypt (2016)
Year
2016
Generes
Action, Adventure, Roma
Code
02182
Type
Movie
Size
910 MB
Country
Hollywood
Description
အားလုံးတောင်းဆိုနေကြတဲ့ Gods Of Egypt လာပါပြီ…ဒီဇာတ်ကားလေးကတော့ ရုံတင်တာကြာပြီဖြစ်ပေမယ့်အကြည်ထွက်ဖို့တော့ တော်တော်လေး စောင့်လိုက်ရပါတယ်။ရုပ်ရှင်ချစ်ပရိသတ်တွေ အနေနဲ့ ဒီကားလေးရဲ့ review တွေအကြောင်းကို ကြားတော့ ကြားမိကြမှာပါ။ Deadpool နဲ့ ယှဉ်ဖိုက်ခဲ့ရတာ မို့ အမြတ်ငွေပိုင်းဆိုင်ရာမှာမကိုက်ခဲ့ပေမယ့် visual effectကို ကြိုက်တဲ့ ပရိသတ်တွေရယ်ရှေးဟောင်းအီဂျစ်တွေရဲ့ နေထိုင်မှုပုံစံတွေရယ်ကို စိတ်ဝင်စားတဲ့သူတွေအတွက်ကတော့ ရင်သပ်ရှုမောဖွယ်ရာ ဖြစ်နေဦးမှာပါ။နတ်တွေနဲ့ လူသားတွေ ရောနှောနေထိုင်ကြတဲ့ အီဂျစ်အယူတွေနဲ့ဇာတ်အိမ်တည်ထားပါတယ်။တူဖြစ်သူ Horusကို နတ်ဘုရားတွေရဲ့ဘုရင်အဖြစ် နန်းတက်မယ့် ပွဲမှာပဲ ထီးနန်းလုခဲ့တဲ့ Setကတော့ ဒီဇာတ်ကားရဲ့ အဓိက ဗီလိန်ပါ။အဓိကဇာတ်ဆောင်ကိုတော့Horus လို့ ထင်ထားခဲ့ပေမယ့်သာမန်လူသားတစ်ယောက်ဖြစ်တဲ့ Bekက ပိုပြီး လုပ်ဆောင်ချက်တွေများနေတာတွေ့ရတော့ အံ့သြမိပါတယ်။ချစ်သူကောင်မလေးအတွက် နတ်ဘုရားတွေရဲ့တိုက်ပွဲတွေ အကြားတိုးဝင်လာခဲ့တဲ့ Bek ရဲ့ ချစ်ခြင်းတရား…နတ်ဘုရားကိုတောင် အာခံဝံ့တဲ့ သူရသတ္တိ တွေနဲ့ နတ်ဘုရားတွေနဲ့လူသားတွေကြားက သံယောဇဉ်တွေ ပိုပါ အချိုးကျကျ ထည့်ပြီးဇာတ်ကို အရှိန်မြှင့်ထားပါတယ်။IMDb ကတော့ 5.6 ပါ။ကျွန်တော့်အတွက်တော့ အရမ်း underrated ဖြစ်တယ်လို့ ခံစားရပါတယ်။(ဇာတ်ကားအညွှန်းကိုတော့ ကောင်းမြတ်သူကရေးသားပေးခဲ့တာပါ)