Movie Name
Search WWW
Year
2019
Generes
Comedy, Drama, Romance
Code
SKR0004
Type
Series
Size
9.40 GB
Country
Korea
Description
အင်တာနက်ကို နေရာမရွေး လူတိုင်းအသုံးပြုနေကြတဲ့ ဒီခေတ်ကြီးထဲမှာ Unicon နဲ့ Barro တို့ဟာ ဈေးကွက်ထိပ်တန်းကုမ္ပဏီတွေအဖြစ် ပြိုင်ဆိုင်နေကြတဲ့ ကိုရီးယားနိုင်ငံရဲ့ လူသုံးအများဆုံးရှာဖွေရေးအင်ဂျင်တွေဖြစ်တဲ့ တွေဖြစ်ပါတယ်။ Bae Ta-miဟာ ကိုးရီးယားရဲ့ နံပါတ် ၁ search engine အဖြစ်ရပ်တည်နေတဲ့ unicon မှာ ၁၀နှစ်ကျော်ကြာ ကြိုးစားပြီးအလုပ်လုပ်ခဲ့တဲ့ ထက်မြတ်တဲ့အမျိုးသမီးတစ်ဦးပါ။ အနိုင်လိုချင်စိတ်ပြင်းပြပြီး ဖြောင့်မှန်စွာကြိုးစားချင်တဲ့ Bae Ta-mi ဟာ ကုမ္ပဏီရဲ့ ရွေးကောက်ပွဲဆိုင်ရာအချက်အလက်တွေကို ထိန်းချုပ်တဲ့ကိစ္စနဲ့ပတ်သတ်ပြီး ဖြေရှင်းဖို့ စေလွှတ်ခံခဲ့ရာက အလုပ်ထုတ်ခံခဲ့ရပါတယ်။ Unicon ရဲ့ဒါရိုက်တာတစ်ဦးဖြစ်ပြီး Bae Ta-miရဲ့စီနီယာလဲဖြစ်တဲ့ Song Ga-kyeong ကတော့ ယောက္ခမရဲ့စေရာကို လိုက်လုပ်ပေးနေရသူတစ်ဦးဖြစ်ပါတယ်။ Cha Hyeonကတော့ Barroမှာ ဆယ်နှစ်ကျော်ကြာ အလုပ်လုပ်ခဲ့တဲ့သူဖြစ်ပြီး အမြဲနံပါတ်၂နေရာမှာနေရတဲ့ Barro ကို နံပါတ် ၁ဖြစ်အောင် ကြိုးစားနေသူ ဆက်ဆက်ထိမခံတဲ့ဒေါသကြီးတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ Unicon မှာ အလုပ်ပြုတ်သွားပေမယ့် ပြိုင်ဘက်ကုမ္ပဏီဖြစ်တဲ့ Barro မှကမ်းလှမ်းခြင်းခံရတဲ့ Bae Ta-miတစ်ယောက်… သူမကိုအမြင်မကြည်တဲ့ Cha Hyeonနဲ့အတူ Unicon ကိုယှဉ်ပြိုင်ရင်း Song Ga-kyeongနဲ့အတိုက်အခံဖြစ်လာပါတော့တယ်။ ထက်မြတ်ပြီး အနိုင်ယူလိုစိတ်ပြင်းပြတဲ့အမျိုးသမီးသုံးဦး ၂၁ရာစုရဲ့ တိုးတက်နေတဲ့နည်းပညာတွေကြား သူတို့ရဲ့စွမ်းရည်ကိုယ်စီနဲ့ ဘယ်လိုယှဉ်ပြိုင်ကြမယ်ဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာ စိတ်ဝင်စားဖွယ်တွေ့ရမယ့်အပြင် အလုပ်ကိစ္စပဲခေါင်းထဲရှိတဲ့ Bae Ta-miတစ်ယောက် အပြုံးချိုချိုလေးနဲ့ အသက်၂၈နှစ်အရွယ် ဂိမ်းနောက်ခံတေးဂီတဖန်တီးတဲ့ ကုမ္ပဏီတစ်ခုရဲ့လူငယ်CEO Park Morganနဲ့တွေ့ဆုံကြပြီး ဘယ်လိုတွေ romance ဆန်ဆန် ချစ်ဇာတ်လမ်းတွေဖန်တီးကြမယ်ဆိုတာကိုပါ စောင့်ကြည်ရမှာမို့… Search WWW ဆိုတဲ့ဇာတ်လမ်းတွဲလေးကို အပတ်စဉ် Thu နဲ့ Fri တွေမှာစောင့်ကြည့်ဖို့ ညွှန်းဆိုလိုက်ပါတယ်နော် ။ အဓိကသရုပ်ဆောင်များအဖြစ် Bae Ta-mi အဖြစ် Chigago Typewriter ထဲကမင်းသမီး Im Soo-jung Cha Hyeonအဖြစ် Beauty Inside ထဲက ရုပ်တည်လေးနဲ့ကောင်မလေး Lee Da-hee Song Ga-kyeong အဖြစ် Jeon Hye-jin နဲ့ Bae Ta-mi ရဲ့အသည်းကိုဖမ်းစားမယ့် ကောင်လေး Park Morganအဖြစ် ကောင်မလေးတွေအသဲစွဲ kill it ထဲက killerလေးJang Ki-yong တို့က ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ (အညွှန်းရေးသားထားတာကတော့ Lwinlwin Aung ဖြစ်ပါတယ်) သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။