-
Movie Name
-
Colossal (2017)
-
Year
-
2017
-
Generes
-
Action, Drama
-
Code
-
02191
-
Type
-
Movie
-
Size
-
782 MB
-
Country
-
Hollywood
-
Description
-
ဇာတ်လမ်းအကျဉ်းလေးကတော့ “ဂလော်ရီယာ” ဆိုတဲ့မိန်းမချောလေး အရက်စွဲနေပြီး
အလည်အပတ်များတာကြောင့် သူရဲ့အတူနေ ရည်စားက သည်းမခံနိုင်တော့အတွက်
ခွဲနေဖို့ဆုံးဖြတ်လိုက်ကြတာမို့ သူရဲ့ဇာတိမြို့လေးကိုပြန်လာခဲ့တယ်။
ဇာတိမြို့မှာ ငယ်သူငယ်ချင်း “အော်စကာ” နဲ့ပြန်ဆုံပါတယ်။
အော်စကာကတော့ ငယ်ငယ်ကတည်းက ခုချိန်ထိ ဂလော်ရီယာပေါ်
တစ်ဖက်သတ် စွဲစွဲလမ်းလမ်းချစ်နေတဲ့ သူငယ်ချင်းတစ်ယောက်။
ဂလော်ရီယာမှာ ထူးခြားတဲ့အကျင့်လေးတစ်ခုက
ခေါင်းထိပ်နားလေးကို ကုပ်နေတတ်တဲ့အကျင့်လေးပါ။
ဂလော်ရီယာ နယ်မြို့လေးကို ပြန်ရောက်တဲ့နောက်တစ်နေ့မှာပဲ
ကိုးရီးယားနိုင်ငံဆိုးလ်မြို့မှာ
ဂေါ်ဇီလာလိုလို မကောင်းဆိုးဝါး အကောင်ကြီးတစ်ကောင်ဟာ
၈နာရီ ၅ မိနစ်အချိန်လောက်မှာ ပေါ်လာပါတယ်။
မြို့ထဲလျောက်သွားရာက သူသွားရာလမ်းတစ်လျောက်
ပျက်ဆီးကုန်ပြီး သိပ်မကြာခင်မှာဘဲ
မကောင်းဆိုးဝါးကြီးဟာ လေထုအတွင်းမှာ ပြန်လည်ပျောက်ကွယ်သွားတယ်။
ဒီသတင်းကြောင့် တစ်ကမ္ဘာလုံး ထိတ်လန့်တုန်လုပ်နေပြီး ထူးဆန်းအံ့သြနေကြရတယ်။
ဒီလိုနဲ့ နောက်ရက်မှာလည်း အဲဒီလို ၈း၀၅ မိနစ်အချိန်မှာပဲ
မကောင်းဆိုးဝါးကြီး ပေါ်လာပြန်ပါတယ်။
NATO နှင့် နိုင်ငံတကာ တပ်ဖွဲ့တွေကလည်း
မကောင်းဆိုးဝါးကြီးကို နှိမ်နှင်းဖို့ အသင့်အနေထားပြင်နေကြရပါပြီ။
ဒီလိုနဲ့ သတင်းကြည့်နေရင်းနဲ့ မကောင်းဆိုးဝါးကြီးဟာ
သူနဲ့ ခေါင်းကုတ်တတ်တဲ့အကျင့်လေး တူနေတာကို
ဂလော်ရီယာတစ်ယောက် အမှတ်မထင် သတိထားမိသွားပါတယ်။
ဒါကြောင့် သူ့ဘာသာ စုံစမ်းလေ့လာရင်းနဲ့ အဲဒီမကောင်းဆိုးဝါးကြီးဟာ
ဂလော်ရီယာ ကိုယ်တိုင်ဖြစ်နေမှန်းသိလိုက်ရတယ်။
သူ့နယ်မြို့က ပန်းခြံထဲကမြေကွက်လပ်လေးမှာ ၈နာရီ ၅ မိနစ်မှာ
သွားရပ်မိရင် ပေါ်လာတတ်မှန်း သူသိသွားတဲ့အခါ၊
လူပေါင်းများစွာကို သတ်မိသလိုဖြစ်သွားတာကို သူကိုယ်တိုင် သိလိုက်ရတဲ့ အခါမှာတော့……………
ဘာကြောင့် သူက မကောင်းဆိုးဝါးကြီးအဖြစ်နဲ့ ဆိုးလ်မှာပေါ်လာရတာလဲ
ဘာဖြစ်လို့ ၈နာရီ ၅ မိနစ်အချိန်မှာပဲ ပေါ်လာရတာလဲ
ပန်းခြံထဲကမြေနဲ့ ဆိုးလ်မြို့နဲ့ ဘယ်လိုဆက်စပ်နေလို့ အမေရိကန်နယ်မြို့လေးက
မြေမှာရပ်လိုက်တာနဲ့ မကောင်းဆိုးဝါးကြီးအဖြစ် ဆိုးလ်မှာပေါ်လာရတာလဲ
သူတစ်ယောက်တည်း ဒီလိုဖြစ်တာလား
ကျန်တဲ့သူတွေကော
ပန်းခြံမြေလေးထဲမှာ ရပ်ရင်မဖြစ်နိုင်ဘူးလား ဆိုတာတွေကိုတော့
ဇာတ်လမ်းထဲမှာကြည့်ရှုခံစားကြည့်လိုက်ပါ။
ဒီကားလေးဟာ တကယ်ကို တွေးလေအများကြီးဖြစ်နိုင်လေ
တကယ်စဉ်းစားတွေးချင်တဲ့သူတွေ
အများဆုံးကြိုက်နှစ်သက်မယ့်ကားလေးတစ်ကားဖြစ်ပါတယ်….