-
Movie Name
-
Dragonheart Battle For The Heartfire (2017)
-
Year
-
2017
-
Generes
-
Action, Adventure
-
Code
-
02192
-
Type
-
Movie
-
Size
-
839 MB
-
Country
-
Hollywood
-
Description
-
လူသားတွေရဲ့ မသိစိတ်ထဲမှာ တစ်ကယ်ရှိမှာပါလို့ ယူဆထားတယ် သတ္တဝါတစ်မျိုးရှိပါတယ်။
အဲ့တာကတော့ “နဂါး” ပါပဲ။ ဒီတော့ ကွီးတို့၊ ခေးတို့၊ မွီးတို့၊ ညေးတို့ကို CM ကမွေးတဲ့ နဂါး ၃ ကောင်နဲ့
တေ့ပေး… အဲလေ.. မိတ်ဆက်ပေးပါရစေခင်ည
Dragonheart (1996)
ဒီဇာတ်ကားကတော့ ၁၉၉၆ က ဆိုပေကာလို့ အတော့်ကို ကောင်းတဲ့ effect တွေနဲ့လို့ ပြောရပါမယ်ခင်ဗျ။
နဂါးတွေအပေါ် လူတွေရဲ့အမြင်၊ လူတွေအပေါ် နဂါးတွေရဲ့အမြင် နဲ့ နဂါးနဲ့ လူတို့ကြားက သံယောဇဉ်ကို
(ငှယ်… ရှုပ်သွားတာပဲ…) ဖော်ကျူးထားပါတယ်။
ဇာတ်လမ်းကတော့ တိုင်းပြည်မှာ အလွန်ဆိုးသွမ်းတဲ့ ဘုရင်တစ်ပါး အုပ်စိုးနေချိန်ပေါ့ဗျာ။ အဲ့မှာ ဘုရင့်သားတော်လေးကို
တိုင်းပြည့်သူရဲကောင်းကြီးက ဘဝဒဿနတွေ သင်ပေး၊ ယောက်ျားတို့ တတ်အပ်တဲ့ အတတ်တွေသင်ပေးပေါ့။
သို့ပေကာလို့ ဘုရင့်သား မင်းသားက အတော်ကမျဉ်းတဲ့ ကောင်လား…ဗျ။ တိုက်ပွဲတစ်ခုမှာ သူ့ဆရာက
မဝင်ပါနဲ့ ပြောရက်သားနဲ့ ဝင်တော့ နှလုံးထိပါလေရော (အပေါ်နှလုံးပြောတာ)။ သူတို့အယူအရတော့
အဲ့ဂလိုဖြစ်ရင် နဂါးရဲ့နှလုံးကို သူတစ်ခြမ်းကိုယ်တစ်ခြမ်း မျှသာသုံးလိုက် ရှင် ဆိုပဲ။ အဲ့တာနဲ့ပဲ ဇာတ်လမ်းဖြစ်ရော ဆိုပါတော့။
ပြောတော့ဘူး.. ဆက်သာကြည့်ကြတော့ ဗျာ.. ငိငိ
ဒါနဲ့ အက်ရှင်ကြည့်တော့ ဟုတ်ဘူးဗျ။ သူတို့ထုံးစံအတိုင်း ဇာတ်မပျင်းအောင် ဟာသလေးတွေလည်း
နည်းနည်း စွက်ပေးထားတယ်။
Dragonheart; A new Beginning (2000)
ဒါကတော့ Y2K နဂါးပေါ့ဗျာ။ ဒီဇာတ်လမ်းထဲမှာတော့ ဘုရားကျောင်းက မိဘမဲ့ မြင်းထိန်းကောင်လေးနဲ့
အစပြုထားပါတယ်။ အဲ့ကောင်လေးရဲ့ စိတ်ကူးယဉ်အိပ်မက်ကတော့ သူရဲကောင်းတစ်ဦးအဖြစ် တာဝန်ထမ်းရဖို့ပါ။
မထင်မှတ်ဘဲ နဂါးတစ်ကောင်နဲ့ တွေ့ဆုံမှုက သူ့အိပ်မက်ကို တစ်ကယ်ဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့
ခေါင်းဆောင် ဘုရင့်သူရဲကောင်းက အကြံဆိုးရှိတဲ့သူ ဖြစ်နေပါတယ်။ နဂါးကို သိမ်း၊ တိုင်းပြည်ကို
အပိုင်ချိုင်ဖို့ လုပ်နေသူပါ။ အဲ့ဒီ အကြောင်းမသိတဲ့ သူရဲကောင်းပေါက်စနဲ့ သူ့ကို ရာထူးပေးသူ
(ရာပေး ထောင်ယူ လုပ်ချင်သူ)တို့ကြားက လွန်ဆွဲပွဲမှာ နောက်ထပ်ဝင်ကလိကြမယ့် သူတွေလည်း
ပါသေးတယ်ဗျ။ ကဲ… ဒီတော့ကာ….
Dragon Heart 3; The Sorcerer’s Curse (2015)
ဒီတစ်ခေါက်ကတော့ ခေတ်ပျက်ကြီးထဲကို ရောက်သွားပြီဗျ။ သူရဲကောင်း အမည်ခံပြီး ပြည်သူတွေဆီက
ဆပ်ကြေးလိုက်ကောက်တဲ့ခေတ် ဆိုပါတော့ဗျာ။ သို့စေကာမူ တော်တော်များများက သူရဲကောင်းဖြစ်ဖို့
တန်းစီနေကြရတယ်ဗျ။ သူရဲကောင်းဆို လစာကောင်းပြီလေဗျာ။ ဆပ်ကြေးလိုက်ကောက်တာကိုးဗျ နော..
ဒါကို မကျေနပ်တဲ့သူတွေက ခွဲထွက်ကုန်ကြပါတယ်။ ဒီလိုနဲ့ တိုင်းပြည်က တောင်ပိုင်း မြောက်ပိုင်းကွဲသွားရော။
အဲ့ထဲမှာမှ ဆဲလ်တစ်ဘုန်းတော်ကြီးအဖွဲ့လည်း ပါပါတယ်။ အဲ့ထဲက သစ္စာဖောက် ဘုန်းကြီးက သူ့စွမ်းအားအတွက်
နဂါးကို အလိုရှိနေသူပါ။ ဟိုသူရဲကောင်းအဖွဲ့က ကောင်လေးတစ်ယောက်ကလည်း အဖွဲ့ကနေ ကွဲထွက်လာပါတယ်။
ပြည်သူကို ကူညီမှုနဲ့ အဖွဲ့ကထုတ်ခံရသူ ဆိုပါတော့။ အဲ့လိုနဲ့ သူတို့နဲ့ မတည့်တဲ့ မြောက်ပိုင်းကိုရောက်
နဂါးနဲ့တွေ့ပြီး ဟိုဘုန်းကြီးအဖွဲ့၊ သူ့ခေါင်းဆောင်အဖွဲ့နဲ့ သုံးပွင့်ဆိုင် ဘယ်လိုဆက်ဖြစ်ကြတယ်ဆိုတာကတော့…..
ဘာကြည့်နေကြတာလဲ??? CM က နဂါး ၃ ကောင်ကို ခေါ်မွေးစားကြတော့လေ… ???? ????