Movie Name
The Huntsman - Winter's War (2016)
Year
2016
Generes
Action, Adventure, Drama
Code
02202
Type
Movie
Size
499 MB
Country
Hollywood
Description
IMDb rating 6.1/10 ပဲ လက်ရှိမှာရထားသေးပေမယ့် ပရိတ်သက်တော်တော်များများကြိုက်နှစ်သက်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ . . . ပါဝင်ထားတဲ့မင်းသားက ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကြီး Thor မင်းသား Chris Hemsworth က Huntsman အဖြစ်သရုပ်ဆောင်ထားပါတယ်။ တကယ်တော့ ဒီဇာတ်ကားဟာ 2012 ခုနှစ်ကထွက်ခဲ့တဲ့ Snow White and the Huntsman ရဲ့ အဓိက ဇာတ်အိမ်တစ်ခုလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအစောပိုင်းမှာ စုန်းမ၂ယောက်ဖြစ်တဲ့ ရဗန်နာ နဲ့သူ့ mmbus ညီမ ဖရယ်ယာတို့နဲ့စတင်ထားပါတယ်။ ရဗန်နာဟာ snowwhite ကားထဲက စုန်းမဖြစ်ပြီး သူ့ညီမရဲ့ချစ်ခြင်းကိုပါ ဖျက်ဆီးခဲ့တယ်။ ဒါကြောင့်အကြီးအကျယ်ဒေါသထွက်ခဲ့တဲ့ ဖရယ်ယာ တစ်ယောက်သူ့ရဲ့ အင်ပါယာကိုစတင်တည်ထောင်မှုကနေ Huntsman ရဲ့ ဇာတ်လမ်းပါပေါ်ထွက်လာခဲ့ပါတယ်။ ဒီဇာတ်ကားဟာ Snow White ကားမစတင်ခင်ကအဖြစ်အပျက်တွေနဲ့ Snow White ကားပြီးတော့ ထပ်မံဖြစ်ပေါ်လာတဲ့ အချိန်ကာလနှစ်ခုကို ပြန်လည်ဆက်စပ်ပေးထားတဲ့ ဇာတ်ကားဆိုလည်းမမှားပါဘူး။ Snow White ရဲ့လက်ချက်နဲ့သေဆုံးခဲ့တဲ့ ရဗန်နာက ဒီဇာတ်လမ်းမှာပြန်လည်ရှင်သန်လာတာလည်း တွေ့ရပြီး . သူ့ရဲ့မှော်ကြေးမုံဟာ ဒီဇာတ်ကားမှာ အဓိကနေရာကပါဝင်တဲ့ပစ္စည်းတစ်ခုဖြစ်လာပါတယ်။ ကဲ ဇာတ်လမ်းကောင်းကောင်းကို spoiler မဖြစ်စေဖို့ ဒီလောက်ပဲညွှန်းပါရစေ Snow White ကားမကြည့် ရသေးသူကလည်း ပြန်လည်ကြည့်ရှုသင့်ပါတယ်။ အဲ့ဒါဆိုရင် ဇာတ်အိမ်တစ်ခုလုံးကိုပိုပြီးနားလည်လာပါ လိမ့်မယ်။ တရုတ်စာတွေတွဲလျှက်ပါနေပေမယ့် ရုပ်ထွက်က HD ဖြစ်နေတာကြောင့်အတတ်နိုင်ဆုံး အဆင် ပြေအောင်တင်ဆက်ပေးထားပါတယ်။ (ဒီဇာတ်လမ်းကိုဘာသာပြန်ရေးသားပေးသူကတော့ ညီလေး Wai Yan M ပဲဖြစ်ပါတယ်။)