-
Movie Name
-
In Harm's Way (The Chinese Widow) (2017)
-
Year
-
2017
-
Generes
-
Drama, Roma, Romance
-
Code
-
02211
-
Type
-
Movie
-
Size
-
910 MB
-
Country
-
Hollywood
-
Description
-
IMDb (6.2) Director:Bille August ရိုက်ကူးထားပြီး Liu Yifei (ဂူဂူး)လေးပါဝင်ထားတဲ့ Chinese War Drama ဇာတ်ကားကောင်းတစ်ကားပါ။In Harm’s Way / The Chinese Widow / The Hidden Soldier စသည်ဖြင့် Title မျိုးစုံ ပေးထားတာတွေ့ရပါတယ်။ဇာတ်လမ်းကတော့အမေရိကန်နဲ့ တရုတ်က ဂျပန်နဲ့စစ်ဖြစ်နေချိန် (1947)မှာ ဇာတ်အိမ်တည်ထားတယ်တရုတ်မုဆိုးမတယောက်က မိမိတို့နိုင်ငံနဲ့မဟာမိတ်ဖြစ်တဲ့ အမေရိကန်လူမျိုးစစ်သားတစ်ဦးကို အသက်ဘေးမှကာကွယ်စောင့်ရှောက်ရင်း မေတ္တာသက်ဝင်ခဲ့တဲ့ အချစ်ဇာတ်လမ်းကိုပါ ရိုက်ပြထားတယ်တရုတ်လူမျိုးတွေရဲ့ သစ္စာစောင့်သိမှုကိုလဲ အသားပေးရိုက်ကူးထားပါတယ် သရုပ်ဆောင်တွေအားလုံးကလည်း သရုပ်ဆောင်ပိုင်းမှာ အသီးသီးတာဝန်ကျေပါတယ်Soldier Jackနေရာက သရုပ်ဆောင်တဲ့ Emile ရော မုဆိုးမသမီးနေရာက NuNu ရောပီပြင်ကြတယ် အထူးပြောရရင် Liu yifei က မုဆိုးမYingရဲ့ roleကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်ပြသွားတာကို သဘောအကျဆုံးပါပဲ။ခင်ပွန်းမရှိတော့တဲ့အချိန်မှာ သမီးနဲ့ယောက္ခမတွေကို ကျွေးမွေးထားရတဲ့ မုဆိုးမလေး…ဒီလောက်တာဝန်ကျေတာကိုတောင် ယောက္ခမဘက်က မိမိသိက္ခာကိုထိပါးလာတဲ့အခါမှာ ခံစားရတဲ့ mood.. နောက်ပြီးမုဆိုးမတစ်ယောက်ရဲ့ နိုင်ငံအပေါ်သစ္စာစောင့်သိမှုနဲ့မိတ်ဆွေအစစ်ဆိုရင် အသက်ပေးပီးကာကွယ်သွားတယ်ဆိုတာကို ရင်ထဲနင့်နေအောင် သရုပ်ဆောင်ပြနိုင်တယ်။ဒါကြောင့်လဲ Shanghai international film festival မှာ best actress nomination ဝင်ခဲ့တာဖြစ်ပါမယ်။တခုသေချာတာကတော့ Liu Yifei ပရိတ်သတ် မှန်ရင် ဒီကားကိုမလွဲမသေကြည့်သင့်ပါတယ်လို့ ညွှန်းပါရစေဗျ