-
Movie Name
-
A.X.L (2018)
-
Year
-
2018
-
Generes
-
Action, Adventure
-
Code
-
02229
-
Type
-
Movie
-
Size
-
860 MB
-
Country
-
Hollywood
-
Description
-
ဆိုတော်ချောချောလေး Becky G ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးနာမည်က A.X.L (2018) ပါ။ Science fiction/action ဇာတ်လမ်းကောင်းလေးတွေသဘောကျနှစ်ခြိုက်တဲ့ Channel Myanmar ပရိသတ်ကြီးအတွက်တော့ စိတ်ကြိုက်ဖြစ်မှာပါပဲ။ ဇာတ်လမ်းအကျဉ်းလေးကိုလဲ တင်ဆက်ပေးပါဦးမယ်။A.X.Lဆိုတာက စစ်တပ်သုံးဖို့ အထူးတီထွင်ထုတ်လုပ်ထားတဲ့ ခွေးစက်ရုပ်ပါ။A.X.L ဆိုတဲ့နာမည်လေးရဲ့ အဓိပ္ပါယ်ကိုပြောပြရရင်A = Attack(အတိုက်ခိုက်စွမ်းရည်) , X = Exploration (ရှာဖွေစွမ်းရည်) , L = Logistics (စဉ်းစားဆင်ခြင်တတ်တဲ့စွမ်းရည်)ဒီလိုအရည်အချင်းတွေနဲ့ ပြီးပြည့်စုံတဲ့ စက်ရုပ်ခွေးဖြစ်ပါတယ်…စစ်တပ်ဟာအနာဂါတ်အတွက် စစ်မြေပြင်မှာအသုံးချဖို့အတွက် လူသားတွေအပေါ်သစ္စာအရှိဆုံးသတ္တဝါတွေထဲမှ ခွေးရဲ့ပုံစံကိုရွေးပြီးတော့စက်ရုပ်ခွေးဖန်တီးခဲ့ပါတယ်…ဒါပေမယ့် စစ်တပ်ကိုမပို့မီ အချိန်မှာA.X.L က ဓာတ်ခွဲခန်းထဲကနေ ထွက်ပြေးလာခဲ့ပြီးဆိုင်ကယ်စီးကျွမ်ကျင်သူ ဟေးလ်နဲ့ ကွင်းပြင်ထဲမှာဆုံမိပါတော့တယ်။ကြမ်းတမ်းသန်မာတဲ့စက်ရုပ်ခွေးဖြစ်သူ A.X.L နဲ့ လူသားဖြစ်သူ ဟေးလ်တစ်ယောက် ဘယ်လိုရှေ့ဆက်ဖြစ်ကြမလဲ? ဘာတွေဆက်ဖြစ်ကြမလဲ? စတဲ့မေးခွန်းတွေ အကြင်နာတရားနဲ့ စိတ်လှုပ်ရှားစရာကို ဒွန်တွဲဖော်ပြတင်ဆက်ထားတဲ့ကားကောင်းလေးပါ။Spoilerပါမှာစိုးလို့ အနည်းငယ်သာဖော်ပြလိုက်ပါတယ်။