Movie Name
Big Fish (2003)
Year
2003
Generes
Adventure, Drama, Fantasy
Code
02232
Type
Movie
Size
1.05 GB
Country
Hollywood
Description
အမှန်တရားဆိုတာ သန့်ရှင်းတာ ရှားတယ် ရိုးရှင်းတယ်ဆိုတာ မရှိဘူး” ဆိုတဲ့ အော်စကာဝိုင်းရဲ့ စကားတစ်ခွန်းရှိပါတယ်။ ဒါ့အပြင် အများစုသော အမှန်တရားတွေဟာ မလှပပါဘူး…..။ အမှန်တရားဟာ ထူးခြားလားဆိုတော့လည်း မထူးခြားပါဘူးမီးတွင်းထဲက ဇနီးသည်ဆီ အချိန်မှီမရောက်ခဲ့တဲ့ ယောကျာ်းတစ်ယောက်.. သူ့ကလေးမွေးတာနဲ့ ပက်သက်ပြီး တကယ့်အမှန်တရားဟာ..သူဟာ နောက်ကျခဲ့တဲ့ ဖခင်ဆိုတဲ့ အမှန်တရားပါပဲ။ ဒီအတွက် သူ စိတ်မကောင်းဖြစ်ခဲ့ရတယ်။ ရောက်ခဲ့တယ်ဆိုရင်ရော… သားဖွားခန်းထဲ ယောကျာ်းဝင်ခွင့်မရှိတဲ့အတွက် ဘာများ ထပ်ထူးခြားမလဲ။ မထူးခြားပါဘူး..ဒါပေမဲ့ နောက်ကျခဲ့တယ်ဆိုတဲ့ အမှန်တရားကတော့ ငြင်းမရပါဘူး…။ဒီလို… ခါးသီးတဲ့ အမှန်တရားတွေအစား.. သူ့ကလေးကို ပျိုးထောင်ဖို့ ဇာတ်လမ်းလှလှလေးတွေ တည်ဆောက်ခဲ့ပါတယ်။သူတကယ် ကြုံခဲ့ရတဲ့ ဒုက္ခတွေအစား အမှန်တရားတချို့တဝက် သင်ခန်းစာ တချို့တဝက်နဲ့ တကယ့်အဖြစ်အပျက်တွေကို သူ့သားကို ပုံစံပြောင်း ပြောပြခဲ့ပါတယ်။ဖုံးထားတဲ့ အမှန်တရားကိုမှ မြင်ချင်တက်ကြတဲ့ လူ့ သဘာဝအတိုင်း သူ့သားက အမှန်တရားကို ရှာဖွေဖို့ ကြိုးစားလာခဲ့တဲ့အခါ…….။ သူဘာတွေသိရမလဲ ခံစားကြရမှာပါ။ဘယ်တော့မှ မဟောင်းသွားတဲ့ ဟာသတစ်ပုဒ်ကို ကြားဖူးကြလား.. ပြန်ကြားရတိုင်း ပထမတုန်းက ဘာလို့ရယ်ရသလဲ မေ့သွားပြီး အသစ်ပြန်ဖြစ်သွားတဲ့ ဟာသမျိုး..။ဒီလိုမျိူး ပုံပြင်တစ်ပုဒ်ကို အကြိမ်ရေထောင်ချီ ပြောခဲ့တဲ့ လူတစ်ယောက်ကို ဒီဇာတ်ကားမှာ ခင်ဗျားတို့ တွေ့ရမှာပါ။လူတစ်ယောက်ဟာ ဒဏ္ဍာရီတစ်ပုဒ်ကို အခါခါ အထပ်ထပ်ပြောရင်း သူကိုယ်တိုင် အဲ့ဒီ ဒဏ္ဍာရီ ဖြစ်လာတယ်။.. သူတို့ မရှိတော့ပေမဲ့ အဲ့ဒီ ဒဏ္ဍာရီတွေက ရှိတုန်းပါ.. ထာဝရ ရှင်သန်နိုင်ခဲ့တယ်…။သူ့အဖေမရှိတော့ပေမဲ့ သူ့ကလေးတွေကို သူ့အဖေရဲ့အကြောင်းပုံပြင်တွေကို ပြောနေတဲ့ အဖေတစ်ယောက်ရဲ့ ပျော်ရွှင်မှုကို ဒီကားမှာ မပါပေမဲ့ ကျွန်တော်တို့ရဲ့ စိတ်အလျဉ်နဲ့ပဲ တူးဖော်ကြည့်ရအောင်…။