Movie Name
Spawn (1997)
Year
1997
Generes
Action, Adventure, Horror
Code
02238
Type
Movie
Size
883 MB
Country
Hollywood
Description
ပထမဆုံးပြောရမယ်ဆိုရင် အခုမိတ်ဆက်ပေးမယ့် ဇာတ်ကောင်ကတော့Hero မဟုတ်တဲ့ Anti Hero တစ်ယောက်ပါ……သူ့နာမည်က Spawn … သူဟာကောင်းကင်ဘုံနဲ့ငရဲဘုံကြားဖြစ်လာတဲ့စစ်ပွဲမှာငရဲစစ်တပ်ကိုဦးဆောင်မယ့်လူအဖြစ်မွေးဖွားလာခဲ့ပါတယ်… လူတစ်ယောက်ဖြစ်နေတဲ့အချိန်မှာ သူဟာ လုပ်ကြံသတ်ဖြတ်ရေးသမားတစ်ယောက်ဖြစ်ပြီးတော့ သူသေဆုံးသွားပြီးတဲ့နောက်မှာတော့သူဟာ ငရဲပြည်ကိုရောက်ပြီး ငရဲဘုံကနေစွမ်းအားတွေရရှိလာခဲ့ပြီးငရဲစစ်တပ်ကိုဦးဆောင်မယ့် Spawn အဖြစ်ပြန်လည်မွေးဖွားလာပါတယ်….သေဆုံးသွားတယ်ဆိုတာထက် သူဟာလုပ်ကြံခံခဲ့ရတာပါ..အပြင်းထန်ဆုံးမီးလောင်ပေါက်ကွဲမှု့ကြားထဲမှာ တကိုယ်လုံးမီးအရှို့ခံရပြီးတော့သေဆုံးခဲ့ရပါတယ်..ဒါကြောင့် သူ့တကိုယ်လုံးဟာလည်း ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီးတော့သူငရဲဘုံကနေစွမ်းအားတွေရပြီးပြန်လာခဲ့အချိန်မှာတော့လူတောတိုးလို့မရတော့တဲ့အခြေနေဖြစ်သွားခဲ့ပါတယ်…ဒါဆို Spawn ရဲ့စွမ်းအားတွေကို လေ့လာကြည့်လိုက်ရအောင်…ငရဲတပ်ကိုဦးဆောင်ဖို့အတွက်မွေးဖွားလာတဲ့ Anti Hero ပါ…လုပ်ကြံသတ်ဖြတ်ရေးသမားတယောက်ဖြစ်ပြီးတော့ သူသေဆုံးတဲ့အချိန်မှာ ငရဲကနေအစွမ်းတွေရလာတာဖြစ်ပါတယ် …. Wolverine Deadpool တို့လို့ အနာကျက်မြန်ဆန်ပြီး ချွန်ထက်တဲ့ စတီးကြိုးတွေ ဓားတွေက သူ့စိတ်ထဲမှာရှိတဲ့အတိုင်း အခြေခံပြီး သူ့တကိုယ်လုံးကနေထွက်ပေါ်တတ်ပါတယ် …ရှည်လျားကြီး အထာကျလွန်းတဲ့ သူ့ရဲ့ဝတ်ရုံက green lantern လို သူလိုချင်တဲ့ပုံစံကိုပြောင်းပေးနိုင်ပါတယ် ….ငရဲကစွမ်းအားတွေကို ရရှိထားတဲ့ spawn ကလူကောင်းမဟုတ်သလို လူဆိုးလို့လဲပြောလို့မရပါဘူး …Super Hero ဇာတ်လမ်းတွေကြိုက်တဲ့လူတွေအတွက် ဒီကားက ကြည့်လို့ကောင်းမယ့်ကားတစ်ကားလို့ညွှန်းပါရစေ….