Movie Name
Stardust (2007)
Year
2007
Generes
Adventure, Fantasy, Family
Code
02239
Type
Movie
Size
914 MB
Country
Hollywood
Description
ဒီဇာတ်လမ်းဟာ သာမန်လူတန်းစားလေးဖြစ်တဲ့ အမေနဲ့ကွဲကွာပြီးနေနေရတဲ့ ထရစ်စတန်သောန်ဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ ဆန်းပြားလှတဲ့ဘဝကံကြမ္မာအကြောင်းလေးကို ရိုက်ကူးထားတာပါ။ အင်္ဂလိပ်ရွာတစ်ရွာဖြစ်တဲ့ ဝေါလ်ဆိုတဲ့ရွာလေးမှာ ထရစ်စတန်သောန် ကြီးပြင်းလာခဲ့တာဖြစ်ပြီး အဲဒီရွာလေးရဲ့ထူးခြားချက်ကတော့ ထိုရွာရဲ့တခြားတဖက်မှာစိတ်ကူးယဉ်ဆန်ပြီး ဆန်းပြားလှတဲ့ စတောမ်ဟိုး ဆိုတဲ့တိုင်းပြည်ရှိနေပါတယ် ၊ ၎င်းတိုင်းပြည်နဲ့ရွာလေးကြားမှာတော့ တံတိုင်းကြီးတစ်ခုဟာကာခြားလို့နေပါတယ်။ တစ်နေ့ ထရစ်စတန်သောန် ဟာ သူရဲ့ရွာထဲက ချောမောလှပလွန်းတဲ့ကောင်မလေးကိုချစ်မိနေပြီး သူမရဲ့အချစ်ရရှိဖို့ တစ်ဖက်တိုင်းပြည်ဖြစ်တဲ့ စတောမ်ဟိုး မှာကြွေကျလာတဲ့ကြယ်ကိုကောက်ပြီး သူမကိုပေးဖို့ကတိပြုပြီး ထိုတိုင်းပြည်ကို စွန့်စားပြီး ခရီးထွက်ခဲ့ပါတယ်။ တကယ်တမ်း ကြယ်ကိုရှာတွေ့တော့ သူထင်ထားခဲ့သလိုမဟုတ်ဘဲ ထိုကြယ်ဟာ အိဗ်ဗိန်း လို့ခေါ်တဲ့ ဒဏ်ရာရနေတဲ့ကောင်မလေးတစ်ယောက်ဖြစ်နေခဲ့ပါတယ်။ အိဗ်ဗိန်း ဟာလူတိုင်းလိုချင်တဲ့ကြယ် ဖြစ်ပြီး သူ့ကိုသတ်၊ သူ့ရင်ကိုခွဲ၊ သူ့နှလုံးကိုစားပြီး ထာဝရရှင်သန်ခွင့်ရပြီး တိုင်းပြည်အုပ်ချုပ်ခွင့်ရချင်တဲ့ ဘုရင့်သားတော်တွေနဲ့ထာဝရ နုပျိုလှပမှုလိုချင်တဲ့ ကောက်ကျစ်တဲ့စုန်းမတစ်သိုက်လည်းရှိနေပါတယ်။ သူတို့နဲ့တွေ့ပြီး ဘယ်လိုကြောက်မက်စရာတွေ ဆက်ဖြစ်ကြတယ်၊ ထရစ်စတန်နဲ့အိဗ်ဗိန်းတို့ရဲ့သံယောဇဉ်တွေ၊ ယုံကြည်မှုရော ဆက်ပြီး တည်ရှိသွားလား သူတို့ရဲ့အိမ်ပြန်ခရီးကို ဘယ်လိုတွေကျော်ဖြတ်ခဲ့ရလဲ၊ ထရစ်စတန်အတွက်ရော ကံကောင်းခြင်းတွေစောင့်ကြိုနေမှာလားဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုသွားရမှာပါ။