Movie Name
Fighter Of The Density(တော်ဝင်သွေးစက် ကံကြမ္မာ)
Year
2017
Generes
Action, Historical
Code
SC0082
Type
Series
Size
14 GB
Country
China
Description
တရုတ်ပြည်မကြီးမှာ လူသားမျိုးနွယ်တွေရယ် တောရိုင်းမျိုးနွယ်တွေနဲ့ မိစ္ဆာမျိုးနွယ်စုတွေ အတူတူနေထိုင်နေကြရာကနေ မိစ္ဆာမျိုးနွယ်စုတွေက အားလုံးကိုအုပ်စိုးဖို့ စစ်ပွဲတွေဆင်နွဲလာတဲ့အတွက် လူသားမျိုးနွယ်နဲ့တောရိုင်းမျိုးနွယ်စုတွေ ပေါင်းပြီးခုခံကာကွယ်ခဲ့ကြရတယ် ။ ထိုက်ဇန်ဘုရင်မင်းမြတ်ကြီးရဲ့ ထက်မြက်မှုကြောင့် စစ်ပွဲကနှစ်ပေါင်းများစွာကြာမြင့်ခဲ့ပေမယ့် မိစ္ဆာမျိုးနွယ်တွေကို အောင်အောင်မြင် မြင်တွန်းလှန်နိုင်ခဲ့တယ်။ ဒါပေမယ့် ထိုက်ဇန်ဘုရင်ကြီး ရုတ်တရက် နတ်ရွာစံသွားချိန်မှာ မိစ္ဆာမျိုးနွယ်တွေက ပြန်ပြီးကျူးကျော်စစ်ဆင်နွဲလာကြပါတယ်။ လူသားမျိုးနွယ်နဲ့ တောရိုင်းမျိုးနွယ်တွေကိုမိစ္ဆာတွေက ရန်က ကာကွယ်ပေးနိုင်တဲ့ ကြယ်တာရာတံတိုင်းကြီးတစ်ခုရှိပါတယ် ။ဒီတံတိုင်းကြီး ရှိနေရင်မိစ္ဆာမျိုးနွယ်တွေ အန္တရာယ်မပေးနိုင်ပါဘူး။ ခံစစ်တံတိုင်းကြီးအားနည်းလာတဲ့အတွက် စွမ်းအားပြန်လည်တက်လာအောင် ထိုက်ဇန်ဘုရင်ရဲ့သွေးသားကို စတေးရမှာဖြစ်တဲ့အတွက် မိဖုရားကြီးဟာ သားတော်လေးကို စတေးပြီး မိစ္ဆာတွေရန်က လူသားမျိုးနွယ်တွေကို ကယ်တင်ပေးခဲ့ရတယ်။ သားတော်လေးဟာ ကြယ်တာရာတံတိုင်းကြားမှာပဲ ပျောက်ဆုံးသွားပါတော့တယ်။ ချန်ချန်ရှန်းကတော့ ပျောက်ဆုံးသွားတဲ့သားတော်လေးပါ ။ သူ့ကို တောင်ပေါ်က သူတော်စင်ကြီးတစ်ပါးက မွေးစားထားပြီး ပြုစုထားပါတယ်။ အပြင်လူတွေနဲ့ ပတ်သတ်မှု မရှိဘဲတောင်ပေါ်မှာပဲ စာပေလေ့လောရင်း ဆေးဖက်ဝင်အပင်တွေ ရှာဖွေရင်း ကြီးပြင်းလာခဲ့ပါတယ် ။ ကြယ်တာရာတံတိုင်းကြားမှာ စတေးခံခဲ့ရသူမို့ သူရဲ့သွေးထဲမှာ ကြယ်တာရာစွမ်းအင်တွေက ကိန်းအောင်းနေပါတယ် ။ ဒါကြောင့်မို့လို့ သူရဲ့သွေးကိုသောက်သုံးရတဲ့သူဟာ ပြန်လည်ရှင်သန်နိုင်ပြီးတော့ အတွင်းအားတွေ ကောင်းလာနိုင်ပေမယ့် သူကိုယ်တိုင်ကတော့ ဒီစွမ်းအင်တွေ မထိန်းချုပ်နိုင်တဲ့အတွက် အသက် ၂၀ မပြည့်ခင်မှာ သေရတော့မယ့် လူငယ်လေးတစ်ယောက်ပါ။ ဒါတွေကတော့ သူရဲ့ရှောင်လွဲမရတဲ့ ကံကြမ္မာတွေပါပဲ။ ဒါပေမယ့် ချန်ချန်းရှန်းတစ်ယောက်ကတော့ စိတ်မလျော့ပါဘူး သူရဲ့ကံကြမ္မာကိုပြောင်းလဲပစ်ဖို့အတွက် နည်းလမ်းတွေ ရှာကြံပြီး ကံကြမ္မာကို စိန်ခေါ်တိုက်ခေါ်ဖို့ပြင်ဆင်နေပါတယ်။ ဘယ်လိုနည်းလမ်းတွေနဲ့များ ကံကြမ္မာကို စိန်ခေါ်တိုက်ခိုက်မလဲဆိုတာကို ဆက်လက်ရှုစားကြည့်ပါနေ