-
Movie Name
-
My Girl
-
Year
-
2020
-
Generes
-
Comedy, Drama, Romance
-
Code
-
SC0201
-
Type
-
Series
-
Size
-
1 GB
-
Country
-
China
-
Description
-
My Girl (99 points Girlfriend) 2020
💕ပြီးပြည့်စုံစရာ မလိုပါ💕
TYMMtv Chinese ပရိသတ်တွေအတွက် ဒီတခါတင်ဆက်ပေးမှာက
Jun 17 ရက်နေ့က ထွက်ရှိတဲ့
ကတ်စီးကုတ် CEO နဲ့ Makeup Artist ရဲ့Romace Comedy ဇာတ်လမ်းဖြစ်ပါတယ်
CEO ကားတော်တော်များများကြည့်ဖူးကြမှာ
ဒီကားထဲမှာတော့ တမူမတူတဲ့ CEO ရှန်ယိကို တွေ့ရပါမယ်
ရှန်ယိ LS မိတ်ကပ်ကုမ္ပဏီက ဥက္ကဌ
ချမ်းသာတဲ့ဥက္ကဌဆိုပေမယ့် အတော်ကပ်စီးကုတ်တဲ့သူ
ရုံးအသွားအပြန်ကိုတောင် bus နဲ့ပဲ သွားလာပြီး
အဝတ်စားကအစ စျေးကြီးတာတွေဆို ဝယ်မဝတ်
အစားအသောက်၊ ကိုင်တဲ့ဖုန်း၊ ချစ်သူနဲ့ချိန်းတွေ့လျှောက်လည်တဲ့အခါ
ကတ်စီးကုတ်ပုံများကအစ စံတင်လောက်ပါပေတယ်
မုံ့ဟွေ Makeup Artist တယောက်
ဒါ့အပြင် အလှပထုတ်ကုန်တွေကိုစမ်းသပ်သူအဖြစ် blogger မှာ နာမည်ကြီးသူ
ငယ်ငယ်တုန်းက အဖြစ်ပျက်တခုကြောင့်
စိတ်လှုပ်ရှားတဲ့အခါ စိတ်ထဲကထင်ယောင်ထင်မှားအတိုင်း
အပြင်မှာလူတစ်ယောက်လုံး လုံးဝပြောင်းလဲသွားတဲ့ စိတ်ရောဂါရှိသူ
ရှန်ယိက တချိန်လုံး အမာရွတ်ကိုဖုံးအုပ်နိုင်တဲ့
foundation ရည်ကို ထုတ်လုပ်ဖို့ကြိုးစားလျက်ရှိပြီး
အကြောင်းရင်းကတော့ ငယ်ငယ်တုန်းက မတော်တဆနဲ့
ကောင်မလေးတစ်ယောက်ရဲ့မျက်နှာကို ခြစ်မိခဲ့လို့ အမာရွတ်ဖြစ်စေခဲ့လို့
စိတ်ထဲမှာ တချိန်လုံး အပြစ်ရှိသလိုခံစားနေရတာပါ
မုံ့ဟွေဟာ အမာရွတ်ကိုဖုံးအုပ်နိုင်အောင် ခြယ်လိမ်းတတ်တာကိုတွေ့ရှိတဲ့အခါ
ရှန်ယိဟာ အမာရွတ်ဖုံးအုပ်နိုင်တဲ့ Foundation ရည်ကို ထုတ်လုပ်ဖို့
လျှို့ဝှက်ဖော်စပ်နည်းကို လိုချင်တဲ့အတွက်
မုံ့ဟွေစိတ်ရောဂါဖောက်တိုင်း အလိုက်သင့်နေပေးခဲ့ပါတယ်
သို့ပေမယ့် မုံ့ဟွေရဲ့စိတ်ရောဂါဟာ
သူမရဲ့မိတ်ကပ်နဲ့ ဖုံးအုပ်ထားတဲ့
မျက်နှာပေါ်က အမာရွတ်ကြောင့်ဖြစ်တဲ့အခါမှာတော့....
အပိုင်း(၂၄) ပိုင်းပါရှိမှာဖြစ်ပြီး Youku ကနေထုတ်လွှင့်ကာ
ဒါရိုက်တာ Zhong Qing (Accidentally in Love)နဲ့
ဇာတ်ညွှန်းရေးသူ Nan Zhen (The Romance of Tiger & Rose) ဆိုတော့
ကားမကောင်းမှာ မ Ro မှာ စိတ်ပူစရာမလိုပါဘူး
ရှန်ယိ အဖြစ် Zhao Yi Qin (Wait My Youth, Fake Princess, Accidentally in Love)
မုံ့ဟွေ အဖြစ် Li Jia Qi (Wait My Youth, I Can't Hug You S-2, Meteor Garden)
ဆွေအန်း အဖြစ် Fan Zhi Xin (Mountains & Ocean)
ဝေ့လေ အဖြစ် He Mei Xuan (Sweet Combat)
အားထောင်အဖြစ် Pu Tao (Fall in Love)
ကျန်ကျန်းအဖြစ် Su Ze Lin (Love is Deep)