-
Movie Name
-
High Rise (2015)
-
Year
-
2015
-
Generes
-
Drama, Sci-Fi
-
Code
-
02253
-
Type
-
Movie
-
Size
-
977 MB
-
Country
-
Hollywood
-
Description
-
“စကြဝဠာနဲ့ လူတွေရဲ့ ရူးသွပ်မှုသာ အဆုံးမဲ့ဖြစ်တယ်။အရှေ့ကတစ်ခုကတော့ ကျွန်တော် မသေချာဘူး” လို့ ၂၀ ရာစုရဲ့အကြီးကျယ်ဆုံး သိပ္ပံပညာရှင်လို့ သမုဒ်ခံထားရတဲ့ Albert Einsteinကပြောခဲ့ပါတယ်။ လောဘကြောင့် ဒေါသကြောင့့်မောဟကြောင့် လူတွေ ရူးသွပ်နေကြပါတယ်။Thor ဇာတ်ကားတွေထဲမှာ Loki အဖြစ်တွေ့ရတဲ့ Tom Hiddletonကို High Rise (2015) မှာတော့ သူ့ရဲ့ရူးသွပ်မှုကိုရိုးရိုးရှင်းရှင်းလေး ခံယူလိုက်တဲ့ Dr. Laing အဖြစ်တွေ့ရမှာပါ။ Tomရဲ့ သရုပ်ဆောင်စွမ်းရည်ကို ဒီဇာတ်ကားမှာထင်ထင်ရှားရှားတွေ့နိုင်မှာပါ။ ဆိုးဆိုးရွားရွား ရူးသွပ်သူတွေကြားမှာပုံမှန်ရူးသွပ်သူက ဆိုးရွားသူတစ်ယောက်ဖြစ်နေတတ်တာကိုDracula:Untold မင်းသား Luke Evans က Richard Wilderနေရာကနေသရုပ်ဆောင်ပြသွားပါတယ်။ Free will ဆိုတဲ့လွတ်လပ်တဲ့ စိတ်ထားမှာ သန့်ရှင်းမှု တရားမျှတမှု ကောင်းမှုမကောင်းမှုတွေ ဆိုတာရှိဖို့မလိုပါဘူးဆိုတာ ဒီဇာတ်ကားမှာခပ်ကြမ်းကြမ်းလေးပြပေးထားပါတယ်။ လွတ်လပ်တဲ့ စိတ်ထားရှိသူတွေကို အာဏာရှင်တစ်ယောက်ကမအုပ်ချုပ်နိုင်ဘူးဆိုတာရောပေါ့။ဇာတ်လမ်းအကျဉ်းကတော့ ဦးနှောက်ခွဲစိတ်ဆရာဝန် Laingတစ်ယောက် အထပ်မြင့်တိုက်မှာသွားနေပြီးတော့ ဖြစ်ပျက်ကြတဲ့အကြောင်းလေးတွေကနေ ဇာတ်လမ်းတည်ဆောက်ထားတာပါ။ သွေးထွက်သံယိုခန်းနဲ့ sexခန်း နည်းနည်းပါလို့မိသားစုနဲ့ကြည့်မကောင်းပါဘူး။ ဒါပေမယ့်လည်း ဒီဇာတ်ကားကိုက တစ်ယောက်တည်းကြည့်ပြီးထိုင်တွေးရမယ့်ကားမျိုးဖြစ်လို့တစ်ယောက်တည်းပဲအေးအေးဆေးဆေး ကြည့်ဖို့ Recommendပေးပါရစေ။