Movie Name
Elephant (2020)
Year
2020
Generes
Documentary
Code
04587
Type
Movie
Size
802 MB
Country
Hollywood
Description
Elephant(2020) ကျွန်တော်တို့ဟာ လူသားပီသကြသူများပီပီ တိရစ္ဆာန်တွေကိုချစ်မြတ်နိုးတတ်သလို မိသားစုဝင်တွေပမာ ထိန်းသိမ်းစောင့်ရှောက်ခြင်းမျိုးတွေလည်းပြုလုပ်တတ်ကြတယ်… ဒါပေမဲ့ တစ်ခမ်းတနားအသေးစိတ်ကအစ ရိုက်ကူးထားတဲ့ တိရစ္ဆာန်တွေနဲ့ပတ်သက်တဲ့ documentary တွေကျတော့ကြည့်ရမှာပျင်းပါတယ်…ကြည့်ဖို့ပြင်တာသာပျင်းကြတာ ကျွန်တော်တို့ skynet မှာ documentary လေး ခဏကြည့်ရုံနဲ့ ဆက်ကြည့်ဖြစ်သွားကြတာများတယ်မဟုတ်လား… ဒါကြောင့် Elephant ဆိုတဲ့ ရှားပါး documentary လေးကို တင်ဆက်ပေးလိုက်ပါတယ်… လွန်ခဲ့သော လအနည်းငယ်က ဘော့ဆွာနာနိုင်ငံမှာ ကန္တာရဆင်တွေ အများအပြားသေဆုံးခဲ့ပါတယ်။ ဒီဆင်တွေက ရွေ့ပြောင်းနေထိုင်ကျတ်စား ကမ္ဘာပေါ်က‌ နောက်ဆုံးသော ဆင်တွေပါ။ ဒီဆင်တွေ အများအပြားသေဆုံးခဲ့ခြင်းဟာ သဘာဝပတ်ဝန်းကျင်အတွက် အတော်လေးကို ထိခိုက်‌စေပါတယ်။ ဒီ Elephant ဆိုတဲ့ documentary ကားလေးက ဒီဆင်တွေရဲ့ အပြုအမူ၊ သဘာဝနဲ့ ရွေ့ပြောင်းနေထိုင်မှုတွေကို မှတ်တမ်းတင်ထားတာပါ။ ဆင်တွေနဲ့အတူ အာဖရိကရဲ့ တခြားသော တိရိစ္ဆာန်များစွာကိုလည်း ကြည့်ရှုရမှာဖြစ်ပြီး ဆာဖာရီဥယျာဉ်ကို အလည်သွားသလို ခံစားရစေမှာဖြစ်ပါတယ်။ ပြီးတော့ ကမ္ဘာအကြီးဆုံးရေတံခွန်ကြီးဖြစ်တဲ့ ဝီတိုရိယရေတံခွန်ကြီးရဲ့ အလှကိုလည်း ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဒီကားကို Disney ရဲ့ Disneynature ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရိုက်ကူးခဲ့တဲ့ ၁၅ ခုမြောက် ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး နောက်ခံစကားပြောအနေနဲ့ မီဂန် မာကယ်(Duchess of Sussex) က ပါဝင်ထားတာဖြစ်ပါတယ်။ IMDb 7.1 နဲ့ Rotten Tomatoes 77% ရရှိပြီး ဆင်တွေရဲ့ သဘာဝနဲ့ သဘာဝအလှအပတွေကို မြတ်နိုးသူတစ်ယောက်ဆိုရင် မလွှတ်တန်းကြည့်ရှုသင့်ပါတယ်။