-
Movie Name
-
Rise Of The Planet Of The Apes (2011)
-
Year
-
2011
-
Generes
-
Action, Sci-Fi
-
Code
-
02274
-
Type
-
Movie
-
Size
-
948 MB
-
Country
-
Hollywood
-
Description
-
ဒီဇာတ်ကား အကြောင်းမပြောခင်မှာ Planet of the Apes အကြောင်း နည်းနည်းပြောပြချင်ပါတယ်။Planet of the Apes ဇာတ်လမ်းတွေက ၁၉၆၈ ထဲက စတင် ရိုက်ကူးခဲ့တာဖြစ်ပြီး၊ Planet of the Apes (February 8, 1968),Beneath the Planet of the Apes (May 27, 1970), Escape from the Planet of the Apes (May 21, 1971),Conquest of the Planet of the Apes (June 29, 1972),Battle for the Planet of the Apes (June 15, 1973) ဆိုပြီး ၅ ကားရှိခဲ့သလို၊ Mark Wahlberg ရဲ့ ၂၀၀၁ ခုနှစ် Remake ဆိုပြီး ရှိပါတယ်။လက်ရှိဇာတ်ကားတွေကတော့ ဒီ Series ရဲ့ Reboot တွေဖြစ်ပြီးRise of the Planet of the Ape က ပထမဆုံး ဇာတ်ကားဖြစ်ပါတယ်။၁၉၆၈ ခုနှစ်က ဇာတ်ကား နဲ့ ဇာတ်လမ်းမတူတော့ပဲ၊ ဇာတ်လမ်းသဘောတရားကိုပဲ ပြန်ယူသုံးထားတာဖြစ်ပါတယ်။အခု Dawn of the Planet of the Apes ဇာတ်ကားကတော့၁၉၆၈ Planet of the Apes ပြီးရင် အကောင်းဆုံး ဇာတ်ကားလို့သတ်မှတ်လို့ရ လောက်အောင်ကောင်းပါတယ်။ဇာတ်လမ်းကတော့ Rise of the Planet of the Apes အပြီးမှာ၊ မျောက်တွေလွတ်သွားသလို၊ သူတို့ ကို စမ်းသပ်နေတဲ့ Virus ပြန်သွားပြီးလူတော်တော်များများ သေကုန်ကြပါတယ်။Caesar ဦးဆောင်တဲ့ မျောက်တွေကတော့San Francisco မြို့နားကတောထဲမှာအေးအေးဆေးဆေးနေနေ ကြပါတယ်။ဒါပေမယ့် တစ်ရက်မှာ အမှတ်မထင် ပဲ မင်းသားMalcolm (Jason Clark) ဦးဆောင်တဲ့ လူတွေရောက်လာပြီး၊မျောက်တစ်ကောင်ကို သေနတ်နဲ့ ပစ်မိသွားတာကနေစပြီးဘာတွေဖြစ်လာကြမလဲဆိုတာ…………။ဒီဇာတ်ကားက အကောင်း ဆုံးအထူးပြုလုပ်ချက်တွေနဲ့ ပုံဖော်တင်ပြထားပါတယ်။ကောင်းမွန်တဲ့ အထူးပြု လုပ်ချက်တွေကြောင့်လူဝံတွေရဲ့ ဒေါသ၊ ဆုံးရှုံးမှု၊ နာကြည်းချက်နဲ့ ခံစားမှုတွေကိုပရိသတ်တွေကပါ လိုက်ပါခံစားရပါတယ်။ အထူးသဖြင့် လူဝံ ခေါင်းဆောင်Caesar အဖြစ် သရုပ်ဆောင်ချက် တွေဟာ အော်စကာတစ်ကြိုပေးမှုနဲ့ ထိုက်တန်တယ်လို့ ဝေဖန်ရေး ဆရာတွေက ရေးသားထားပါ တယ်။Caesar အဖြစ် သရုပ် ဆောင် Andy Serkis က သရုပ် ဆောင်ထားတာပါ။နောက်တစ်ခု မှတ်မှတ်ရရ ဝေဖန်ရေးဆရာတွေ ပြောကြ တာကတော့Dawn of the Planet of the Apes ဇာတ်ကားဟာ ခေါင်းဆောင်မှုအရည်အသွေးတွေကို အထူးအမွှမ်းတင်ထားတဲ့ ကားလို့ ဆိုပါတယ်။အရမ်းကောင်းတဲ့ဇာတ်ကားကောင်းတစ်ကားပါ။ လူနဲ့ မျောက်လို့ဆိုပေမယ့်၊အသွင်မတူတဲ့ လူတွေ တူတူ မနေနိုင်တဲ့သဘာဝကိုထင်ဟပ်ပြထားပါတယ်။ စစ်ရဲ့ ဆိုးကျိုးနဲ့ သဘောတရားကို လည်းလူတွေ မြင်သာအောင် တင်ဆက်နိုင်ခဲ့ပါတယ်။ဘာသာပြန် ကျော်ကျော် (CU-Mdy) ရဲ့ စာဖိုင်ကိုအသုံးပြုထားပြီး Myanmar & English ၂ မျိုးပြောင်းလဲ ကြည့်ရှုနိုင်တဲ့ BluRay Movie အဖြစ်တင်ဆက်ပေးထားပါတယ်။ဒီရုပ်ရှင်ကားကို Myanmar & English စတဲ့ Subtitle ၂ မျိုးကို ပြောင်းကြည့်နိုင်သလိုစာတန်းထိုး ကိုလဲ ဖျောက်ပြီး ကြည့်နိုင်ပါတယ် မြန်မာစာ ရှိသော မည်သည့် ကွန်ပြုတာ ၊ လပ်တော့ ၊ Device မဆို Phone & Tablet မဆို မြန်မာစာ မရှိသော MKV စနစ်ကို Support လုပ်သော Device များတွင်လဲSubtitle ကို ပြောင်းကြည့် ဖျောက်ကြည့်နိုင်ပါသည်။