-
Movie Name
-
Heavy Sweetness, Ash-like Frost
-
Year
-
2018
-
Generes
-
Historical, Romance
-
Code
-
SC0085
-
Type
-
Series
-
Size
-
25.6 GB
-
Country
-
China
-
Description
-
Heavy Sweetness, Ash-Like Frost
ဇာတ်လမ်းအကျဉ်း
ရှေးနှစ်ပေါင်းများစွာက ပန်းနတ်သမီးဟာ ကျင့်မိလို့ခေါ်တဲ့သမီးတယောက်မွေးဖွားပေးခဲ့ပြီးနောက် သေဆုံးသွားပါတယ်။
ဒါပေမယ့် နတ်သမီးက သူ့ရဲ့သမီးလေးကိုအချစ်နွံမှာနစ်ပြီး ဒုက္ခရောက်ရမှာကိုစိတ်ပူပန်တော့ သူမသေခင်အချိန်မှာ အချစ်စိတ်ခံစားချက်မပေါ်စေနိုင်တဲ့မှော်ဆေးလုံးကို သူ့သမီးကိုကျွေးခဲ့ပြီး သူ့ရဲ့နောက်လိုက်တွေကို သူ့သမီးလေးရဲ့လျှို့ဝှက်ချက်ကိုထိန်းသိမ်းဖို့မှာခဲ့ပြီး သူ့သမီးလေးကိုတော့ ရွှေကျင်းမှာနှစ်ပေါင်းတစ်သောင်းအတွင်း အပြင်ထွက်ခွာခွင့်မပြုဆိုပြီး အမိန့်ထုတ်ခဲ့တယ်။
ဒါကြောင့် ကျင့်မိလေးက ပျော်ပျော်နေတတ်တဲ့မိန်းကလေးအဖြစ်ပဲ နေခဲ့ရပါတယ်။ နှစ်ပေါင်း ၄၀၀၀အကြာမှာတော့ ကောင်းကင်ဘုံကဒုတိယမင်းသား ရွှိဖန့်ဟာ ရုတ်တရက်ထောင်ချောက်ဆင်ခံရပြီး ရွှေကျင်းကိုမှားပြီးရောက်လာရာက ကျင့်မိလေးနဲ့ဆုံတွေ့ရပါတော့တယ်။ ရိုးသားတဲ့ကျင့်မိလေးက မင်းသားကိုကယ်မိရာက နောက်ပိုင်းမှာ မင်းသားလဲ ကျင့်မိလေးကိုချစ်မိသွားတာပေါ့။ အကြံကြီးတဲ့ ညနတ်သားယွမ့်ရွိတို့နဲ့ဆုံတွေ့ပြီး သုံးပွင့်ဆိုင်ချစ်ဇာတ်လမ်းပေါ်မလာခင်ထိလေးပဲ ဆိုပါတော့။
ဒါပေမယ့် ယွမ့်ရွိက ကျင့်မိလေးကို သူ့ရဲ့အဖေကရွှိဖန့်လက်ထဲမှာသေဆုံးသွားတာလို့ အထင်လွဲအောင်လှည့်စားလိုက်တော့ သူချစ်ရတဲ့မင်းသားကိုသတ်ဖို့ အချစ်စိတ်မပေါ်စေတဲ့ဆေးလုံးကိုထုတ်ယူပါတော့တယ်။
ဆယ်နှစ်လောက်ကြာပြီးနောက်မှာတော့ ရွှိဖန့်ဟာမိစ္ဆာဘုရင်အဖြစ်နဲ့ပြန်လည်နိုးထလာပြီး ယွမ်ရွိနဲ့ကောင်းကင်တိုက်ပွဲကြီးတိုက်ခိုက်ခဲ့ပြီး ကောင်းကင်မင်းကြီးအဖြစ်ထီးနန်းဆက်ခံလိုက်ပါတော့တယ်။
ကျင့်မိကိုတော့ကျောက်တုံးထဲမှာဖမ်းချုပ်ထားခဲ့ပြီး အကျဉ်းချထားလိုက်ပါတယ်။ နောက်ဆုံးမှာ ကျင့်မိဟာလောကကြီးအေးချမ်းဖို့အတွက် သူ့အသက်ကိုစွန့်လွှတ်ပြီး ကယ်တင်ခဲ့ရတဲ့ ချစ်စရာ သနားစရာ ပျော်ရွှင်စရာနဲ့ ဝမ်းနည်းစရာဇာတ်လမ်းလေး