-
Movie Name
-
Detective Dee The Mystery Of The Phantom Flame (2010)
-
Year
-
2010
-
Generes
-
Action, Adventure, Historical
-
Code
-
02286
-
Type
-
Movie
-
Size
-
1.03 GB
-
Country
-
China
-
Description
-
ကျွနု်ပ်သည် ခေတ်သစ်ရှားလော့စီးရီးကို ကြည့်ပြီးသကာလ စုံထောက်ခြင်း၌ ပျော်မွေ့လျက်ရှိရာ အနှီ တရုတ်စုံထောက်ကားကိုလဲ ကြည့်မိလေသည်….။ဇာတ်လမ်းကား စိတ်ဝင်စားဖွယ်ရာ အတိတည်း။ အေဒီ ၆၈၉ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ပထမဆုံးသော ဘုရင်မဖြစ်လာမည့် ဘုရင်မဝူ သည် ထီးနန်းတက်ပွဲ ပြုလုပ်ရန် အားထုတ်နေချိန်ဖြစ်လေသည်။ ထိုအချိန်၌ နေရင်းထိုင်ရင်း ဆန်းကြယ်စွာ မီးလောင်သူများ ထွက်ပေါ်လာပြီး အဆိုပါ မီးလောင်သူများမှာလဲ ဘုရင်မဝူ နန်းတက်ပွဲအမှီ ထုလုပ်နေသော ရုပ်ပွားတော် တည်ဆောက်ရေးနှင့် ဆက်စပ်နေချေသည်။ ဖြေရှင်းမနိုင်သော ဇာတ်ထုတ်ကြီးအား ဖြေရှင်းရန် ဘုရင်မဝူကို ပုန်ကန်မှုဖြင့် ထောင်ချထားသော စုံထောက်တီ(ဒီး)ကို ထောင်မှထုတ်ကာ တာဝန်ပေးလိုက်လေသည်။ သို့နှင့် စုံထောက်တီ(ဒီး)နှင့် ဆန်းကြယ်မီးတောက် အမှုဖြစ်လာချေတမုံ့။စုံထောက်တီ(ဒီး)ကား စုံထောက်ရာတွင် စေ့စပ်သကဲ့သို့ သစ္စာတရားကို လက်ကိုင်ထားသူဖြစ်လေသည်။ သစ္စာတရား ၊ အမှန်တရားနှင့် ပတ်သတ်လာလျှင် ဘုရင်မ သော်မှ အလွတ်မပေး စစ်ဆေးသူတည်း။ ဘုရင်မဝူသည်လည်း တရုတ်နိုင်ငံ၏ ပထမဆုံးသော ဘုရင်မ လုပ်မည့်သူဖြစ်သောကြောင့် ပေါ့သေးသေး မဟုတ်ရကား သက်ဦးဆံပိုင်ဘုရင်စနစ်တို့ ထုံးစအတိုင်း နန်းတွင်းအရှုပ်တော်ပုံသည် အတော်ပင် ရှုပ်ထွေးလွန်းနေသည်။ အနှီအရှုပ်ထုတ်ထဲကို ရုပ်ပြောင်းရုပ်လွှဲ..ကိုယ်ဖော့သိုင်း..ကိုယ်ပွားသိုင်း စသည့် ရှေးတရုတ်သိုင်းမျိုးစုံတတ်ကျွမ်းသော ဆန်းကြယ်မီးတောက် ဖန်တီးသူတို့ ပါဝင်လာရာ စုံထောက်တီ(ဒီး)တစ်ယောက် ရတက်ပွေရလေပြီ။ သို့ပေသည့် သူရဲကောင်းတို့ထုံး နှလုံးမူသော စုံထောက်တီ(ဒီး)သည် နိုင်ငံနှင့် လူမျိုးအတွက် ဘုရင်မကိုမှ ခွင့်မလွှတ်…ကျောသားရင်သား မခွဲခြားဘဲ….ကိုယ်ကျိုးစွန့်ပြီး ဆန်းကြယ်မီးတောက်အမှုကို ဖော်ထုတ်ခဲ့လေသည်။အတော်ပင်ကောင်းမွန်ပြည့်စုံသော တရုတ်စုံထောက်ဇာတ်ကားဖြစ်ရာ ထမင်းကောင်း ဟင်းကောင်းဆိုလျင် ချစ်ခင်ရသူကို သတိရသကဲ့သို့ ဤဇာတ်ကားကောင်းကိုလဲ မိတ်ဆွေတို့အား ကြည့်ရှုစေရန် အလို့ငှာ မြန်မာစာတန်းထိုးဖြင့် ကျွန်ု်ပ် တင်ဆက်လိုက်ပါသည်။ (စုံထောက်တီ(ဒီး) ဇာတ်ကားအလုံးစုံကို https://channelmyanmar.org/?s=detective+dee တွင်ကြည့်ကြပါကုန်။) File size…(1GB) and (400MB)