Movie Name
My Love From Another Star (ကြယ်တွေအလွန်ကကိုယ့်ချစ်သူ)
Year
2020
Generes
Drama, Fantasy, Romance
Code
ST0141
Type
Series
Size
16 GB
Country
Thai
Description
ကြယ်တွေအလွန်ကကိုယ့်ချစ်သူ (completed) ဒီဇာတ်ကားလေးကတော့ My Love From Another Star ဆိုတဲ့ ကိုရီးယားဇာတ်လမ်းတွဲလေးကို တရားဝယ်ဝင်ပြီး ထိုင်းက remake လုပ်ပြီး အသက်သွင်းပုံဖော်ထားတာပဲ ဖြစ်ပါတယ် ဒီဇာတ်ကားထဲမှာတော့ ထိုင်းနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ မင်းသား Nedach နဲ့ မင်းသမီး Matt တို့ ဦးဆောင်ပါဝင်ထားပါတယ်နော် တစ်ခုသတိပေးချင်တာကတော့ ဒီဇာတ်လမ်းသည် အရင်ကိုရီးယားဇာတ်ကားကို လုံးဝကော်ပီ ယူရိုက်ထားတာ လုံးဝ လုံးဝ မဟုတ်ပါဘူးနော် ဇာတ်လမ်းအကျဉ်းလေးကတော့ အာချီရာဆိုတဲ့ ဂြိုလ်သားလေးတစ်ယောက်က သူနေထိုင်ရာ ကြယ်ကမ္ဘာကနေ ကမ္ဘာမြေပေါ်က မျိုးကွဲတွေကို သုတေသနလုပ်ဖို့အတွက် အပေါင်းအပါတွေနဲ့အတူ အာကာသယာဉ်တစ်စီးနဲ့ ကမ္ဘာမြေကို လာခဲ့ပါတယ်..... သူ ကမ္ဘာမြေပေါ်ကို ရောက်ရောက်ချင်းမှာ မိန်းမငယ်လေးတစ်ဦးကို တွေ့ခဲ့ပါတယ် အဲ့ဒီမိန်းမငယ်လေးက ကံဆိုးမှုတွေယူဆောင်လာတယ်လို့ လူတွေသတ်မှတ်ခြင်းခံရကာ နယ်နှင်ဒဏ်ပေးခံခဲ့ရပါတယ်.... ဒီလိုနဲ့ သူ စီးလာတဲ့ မြင်းလှည်းက အရှိန်ပြင်းပြင်းရိုက်ခတ်လာတဲ့ လေအဟုန်ကို ကြောက်ရွံ့သောကြောင့် ဆောက်တည်ရာမရပဲ ပဲ့မဲ့ကာပြေးထွက်သွားခဲ့ပါ တော့သည်........ ကြောက်လန့်တကြားနဲ့ပြေးနေသော မြင်းလှည်းထဲက မိန်းမငယ်လေး နှင့် စိတ်ပေါက်ရာပြေးနေမိတဲ့ မြင်းတွေ..... ပြေးရင်း ပြေးရင်း သွားရင်း သွားရင်းနဲ့ တစ်ခုသော ချောက်ကမ်းပါးသို့ ရောက်သွားပါတော့တယ်...... အရှိန်လည်းပါ လမ်းမှာလည်း ချောက်အတိမို့ မြင်းတွေလည်း မြင်းလှည်းကို မထိန်းချုပ်နိုင်ရာ ခြောက်ကမ်းပါသို့ ပြုတ်ကျရန် တိတိလေးလိုခါအနီးတွင် အာချီရာဆိုတဲ့ဂြိုလ်သားလေးက အဲ့ဒီမိန်းမငယ်လေးကို ကယ်တင်လိုက်ပါတော့တယ် အဲ့ဒီမိန်းမငယ်လေးနာမည်က ဘူဝါ.......... ဒီလိုနဲ့ အာချီရာဂြိုလ်သားလေးက အနီးနားက တိုင်းပြည်က သာယာတဲ့စည်သံ တူရိယာသံအစုံအလင်ကို ကြားရသဖြင့် သွားရောက်စူးစမ်းတော့သည် လူသားတွေရဲ့စရိုက် အပြုအမူ အနေအထိုင် စူးစမ်းနေရင် သူ့နေရပ်ကိုပြန်ဖို့ အာကာသယာဉ်မမှီလိုက်တော့တဲ့အခါ....... ကမ္ဘာမြေပေါ်မှာ အယုဒ္ဓယခေတ်မှတိုင် ယခုမျက်မှောတ်ခေတ်ထိ အနှစ် ၃၀၀ နီးပါး ကျင်လည်ရင်း အိမ်ပြန်ရမယ့် ရက်ကို ရေတွက်လို့ နေခဲ့ပါတော့တယ် နှစ်ပေါင်း အကြာကြီးစောင့်မျှော်ခဲ့တဲ့ ရလဒ်တစ်ခုက နောက် သုံးလကြာလျှင် ပြီးခါနီရောက်တော့မယ့်အချိန်...... ထိုင်းနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲမင်းသမီး ဖာလဒါနဲ့ အမှတ်မထင်ဆုံတွေ့ခဲ့စဉ်.... လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက အက်ဆီးဒင့်တစ်ခုမှ ကယ်လိုက်သော မိန်းမငယ်လေးတစ်ဦး လွန်ခဲ့တဲ့ နှစ်သုံးရာလောက်က သူ ချစ်ခဲ့တဲ့ မိန်းမငယ်လေး ဘူဝါ နဲ့ တူနေတာကို သူ သိလိုက်ရ သောအခါ...... ဂြိုလ်သားလေးကရော သူချစ်ရတဲ့မိန်းကလေးနဲ့ပဲ ပြဿနာတွေ အတားအဆီးတွေကို အတူ ရင်ဆိုင် ကူညီကျော်ဖြတ်ပေးရင်း ကမ္ဘာမြေကြီးမှာ ဆက်နေသွားမလား..... ဒါမှမဟုတ် သူ့နေရပ် ကြယ်ကမ္ဘာကို ပြန်သွားမလားဆိုတာ စောင့်မျှော်ကြည့်ရှုပေးပါဦးနော်