Movie Name
Game Of Death II (1981)CRITERION
Year
1981
Generes
Action, Crime
Code
04591
Type
Movie
Size
1.02 GB
Country
China
Description
Bruce Lee fan တိုင်းကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားမှာ Bruce Lee ဟာ ဘီလီလိုဆိုတဲ့ ဇာတ်ရုပ်နဲ့ပါ၀င်သရုပ်ဆောင်ထားပြီး မိတ်ဆွေတစ်ယောက်ရဲ့ ထူးဆန်းတဲ့သေဆုံးမှုကို လိုက်စုံစမ်းနေတဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် သူဟာလည်း အသတ်ခံလိုက်ရပြီးနောက်မှာ သူ့ရဲ့ညီက သူ့အတွက်ကလဲ့စားချေတဲ့ပုံစံကိုတွေမြင်ရမှာပါ။ ဇာတ်လမ်းလေးကဒါပါပဲ။ Bruce Lee ပါတာမှ နည်းနည်းလေး။ ဒါဆိုဘာလို့ Burce Lee fan တိုင်းကြည့်သင့်တယ်လို့ပြောတာလဲ။ ဘာလို့ဆို ဒီဇာတ်ကားက သူနောက်ဆုံးရိုက်ခဲ့တဲ့ဇာတ်ကားမလို့ပါ။ ပြီးတော့ သူအသတ်ခံလိုက်ရတဲ့အခန်းဟာ အပြင်မှာလည်း တကယ်သေသွားခဲ့တာပါ။ ထူးခြားဆန်းကြယ်တဲ့ Bruce ရဲ့သေဆုံးမှုကို မျက်မြင်ခံစားရမှာပါ။ ပြီးတော့ ဒီရုပ်ရှင်မှာ သူ့ရဲ့စည်ကားသိုက်မြိုက်ပြီးခမ်းနားတဲ့ တကယ့်အသုဘအခမ်းအနားက ပုံရိပ်တွေကိုထည့်သွင်းအသုံးပြုထားတဲ့အတွက် Burce ဟာ ဘယ်လိုလူလဲဆိုတာ လူတွေသူ့ကိုဘယ်လောက်လေးစားကြတယ် ချစ်ခင်ကြတယ်ဆိုတာ နားလည်လာပါလိမ့်မယ်။ ကဲအားလုံးပဲ။ ကြီးကျယ်ခမ်းနားတဲ့အက်ရှင်မင်းသားကြီးအတွက် အလွမ်းပြေလေး ကြည့်ရှုခံစားလိုက်ကြပါဦး။