-
Movie Name
-
Extinction (2018)
-
Year
-
2018
-
Generes
-
Action, Sci-Fi
-
Code
-
01019
-
Type
-
Movie
-
Size
-
902 MB
-
Country
-
Hollywood
-
Description
-
ကျနော်တို့ အရမ်းရင်းနှီးတဲ့ သူတစ်ယောက်နဲ့မိတ်ဆက်ပေးပါရစေ…ဟုတ်ပါတယ် Michael Peña ပါ သူကတော့Ant Man ရုပ်ရှင်တွေမှာ စကားအင်မတန်များပြီး ဟာသ ဇတ်ရုပ်နဲ့ လူတိုင်းချစ်ကြတဲ့ သူပါအခု Netflix ရဲ့ ဇတ်လမ်းတစ်ခုမှာခေါင်းဆောင်သရုပ်ဆောင် တစ်ဦးအဖြစ်ပါဝင်လာခဲ့ပါပြီ Michael Peña ကို ဒီဇတ်လမ်းမှာAnt Man ထဲက မျက်နှာပြောင်ချော်ချော် နဲ့စကား အင်မတန်များတဲ့ သူ အဖြစ်မြင်တွေ့ရမှာမဟုတ်ပဲအိမ်ထောင်ဦးစီးယောင်္ကျားတစ်ယောက် သမီး ၂ ဦးရဲ့ ဖခင်အလုပ်မှာ တာဝန်ကျေတဲ့ ဝန်ထမ်းကောင်း တစ်ဦးအဖြစ်တွေ့ရမှာဖြစ်ပြီး သူ့ကာရိုက်တာ ကတော့ အေးဆေးတဲ့ လူတစ်ဦးအဖြစ်ပါNetflix က ထွက်လာတဲ့ ဇတ်လမ်းမှန်သမျှ ဟာ အမှိုက်တောင်းထဲပစ်လိုက်ရတယ် မရှိအောင် ကောင်းတာတွေ များပြီး အခုနောက်ပိုင်းသိပ္ပံဘက် နွယ်တဲ့ ရုပ်ရှင်တွေ များလာပါတယ် ပြီးတော့တွေးစရာတွေ အများကြီးပေးပြီး လူတွေ ရဲ့ စိတ်သဘောထားကိုဖောက်ထုတ်ပြသတဲ့ ရုပ်ရှင်တွေ များပါတယ်ဒီ Extinction ဆိုတဲ့ ရုပ်ရှင်ကားမှာတော့ ပီတာဆိုတဲ့လူတစ်ဦးဟာ အိပ်မက်ဆိုး တစ်ခုကို အမြဲလိုလို မြင်မက်နေပါတယ်သူတို့ နေထိုင်တဲ့ ကမ္ဘာကြီးဟာ ကမ္ဘာတစ်ဖက်က ဂြိုလ်သားတွေရန်ကြောင့် ပျက်စီးပြီး သူတို့ အားလုံးသေကြရတာကို မြင်မက်နေတာပါသူ့ဇနီး ရော အလုပ်က လုပ်ဖော်ကိုင်ဖက်တွေကပါ သူရူးနေတယ်လို့သက်မှတ်ထားကြပြီး ဆရာဝန် နဲ့ ပြဖို့သာ တွင်တွင် ပြောနေခဲ့ပါတယ်ဒီလိုနဲ့ ပီတာဟာ လူတွေ နဲ့ ခပ်ကင်းကင်း နေဖြစ်ခဲ့ပြီးသူ့ အိပ်မက်ထဲက အဖြစ်အပျက်ကိုပဲ စိုးရိမ်ထိတ်လန့်နေခဲ့တယ်တစ်ရက်မှာ ပီတာ ရဲ့ ဇနီးဖြစ်သူက ပီတာ စိတ်သက်သာစေဖို့သူငယ်ချင်းတွေ မိတ်ဆွေတွေကို ခေါ်ပြီး ပါတီ လုပ်ခဲ့ကြတယ်အဲ့ဒီ ပါတီလုပ်နေတဲ့ ညမှာပဲ မိုးပေါ်က ကြယ်တွေ တဖြုတ်ဖြုတ်ကြွေပြီးကမ္ဘာပေါ်ကို ဆင်းလာခဲ့တယ် ပီတာ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာတာလားသူတို့ အားလုံး တကယ်သေရတော့မှာလား ဆိုတာနဲ့ပီတာ အိပ်မက်ထဲက အရာတွေကို ရင်ဆိုင်ဖို့ ကြိုတင်ပြင်ဆင်ထားခဲ့သလားဆိုတာဆက်လက်ကြည့်ရှုလိုက်ရအောင်လား ခင်ဗျာ….ဒီဇတ်လမ်းကို ဘာသာပြန်ပေးထားသူကတော့Cm Translator တစ်ဦးဖြစ်သူ Wai Zin ဖြစ်ပါတယ်Thit San Khant က Encode ပြီးတင်ဆက်ပေးထားပါတယ်….