-
Movie Name
-
Police Story(1985)
-
Year
-
1985
-
Generes
-
Action, Comedy, Crime
-
Code
-
02357
-
Type
-
Movie
-
Size
-
902 MB
-
Country
-
China
-
Description
-
Police Story ဆိုတာနဲ့ မင်းသားကြီး ဂျက်ကီချန်းဇာတ်ကားတွေမှန်း သိပြီးသားဖြစ်မှာပါ။ Police Story နာမည်နဲ့ ဂျက်ကီချန်းဇာတ်ကား ၆ ကားထွက်ပါတယ်။ ကျွန်တော်အစဉ်လိုက်ဖြစ်အောင် တင်ဆက်သွားပါ့မယ်။ ဒီဇာတ်ကားကတော့…. ဟောင်ကောင်ရဲ ချန်ကာကူအဖြစ် ဂျက်ကီချန်းကို စတင်အသက်သွင်းတဲ့ ဇာတ်ကားဖြစ်ပါတယ်။ မူးရစ်ဂိုဏ်းတစ်ခုကို မိုးဆုံးမြေဆုံ လိုက်လံချေမှုန်းမယ့် ကွန်ဖူးရဲအဖြစ်တွေ့ရမှာပါ။တစ်ခုသတိထားမိတာက အက်ရှင်ခန်းတွေ စတန့်ခန်းတွေကို Effect တွေမသုံးဘဲ လူတွေကိုယ်တိုင် စွန့်စွန့်စားစားရိုက်ကူးထားတာပါပဲ… ဂျက်ကီချန်းကိုယ်တိုင် ဒါရိုက်တာလုပ်ထားတာဖြစ်ပြီး စတန့်တွေအတွက် သူဘယ်လောက် ပင်ပန်းခံထားလဲဆိုတာ တွေ့မြင်ရမှာပါ။ နောက်ပြောစရာရှိတာကတော့ သရုပ်ဆောင်မှုတွေပါ… အတော်လေးကိုပီပြင်ပါတယ်…ကြည့်နေရင်းနဲ့ တကယ်ဖြစ်နေသလို ပီပြင်အောင် သရုပ်ဆောင်သွားပါတယ်…ဟာသဆိုလဲ အတင်းဖြစ်ညှစ်လုပ်ထားတာမဟုတ်ဘဲ ကြည့်နေရင်းနဲ့ သဘောကျမိလာအောင် စွမ်းဆောင်နိုင်ပါတယ်… (မျက်မှောင်ကြီးကျုံ့ကြီး အားစိုက်သရုပ်ဆောင်တတ်တဲ့… အတင်းဖြစ်ညှစ် ဟာသလုပ်နေတဲ့ (…..)သရုပ်ဆောင်တွေ အတုယူဖို့ကောင်းပါတယ်)ကဲ….ကုန်ကုန်ပြောရရင်တော့ ဂျက်ကီချန်းပရိတ်သတ်တွေလုံးဝလက်မလွတ်သင့်တဲ့ ဟိုးအရင်တုန်းက ဂျက်ကီချန်းဇာတ်ကားလေးပါလို့။ တင်ပြီးသမျှ Police Story ဇာတ်ကားများကိုမှာရှာပါ။ နောက်ထပ်လာမယ့် Police story ဇာတ်ကားတွေကိုလဲ စောင့်မျှော်အားပေးကြပါဦး။