Movie Name
The Sorcerer And The White Snake (2011)
Year
2011
Generes
Action, Fantasy, Romance
Code
02399
Type
Movie
Size
731 MB
Country
China
Description
နာမည်ကြီးမင်းသားဂျက်လီနဲ့ကားဆိုတာနဲ့တင်ပြောစရာကိုမလိုတော့ပါဘူး..ဒီကားကတော့ ကြည့်ဖူးသမျှဂျက်လီရဲ့ကားတွေထဲမှာ အကောင်းဆုံးနဲ့အမိုက်ဆုံးကားတစ်ကားဆိုရင်လည်းမမှားပါဘူး…၂၀၁၁ ကရိုက်ခဲ့တဲ့ကားပေမယ့် CGI Effect တွေကတော့ဒီနေ့အထိကောင်းမွန်ဆဲလို့ပြောရမှာပါပဲ… မိစ္ဆာတွေကိုလိုက်ဖမ်းတဲ့ကျောင်းတိုင်ဘုန်းတော်ကြီးဖအိုင် အဖြစ်ဂျက်လီကိုမြင်ရမှာဖြစ်ပါတယ်…သူဟာမိစ္ဆာပေါင်းစုံကိုလိုက်လံနှိမ်နင်းဖမ်းဆီးပြီးတော့ကျောင်းဆောင်အပေါ်ထပ်မှာချုပ်နှောင်ထားရပါတယ်..သူအဲလိုလိုက်လံဖမ်းဆီးနေတဲ့အချိန် တခြားအရပ်မှာတော့ မိစ္ဆာမြွေမလေး ၂ ယောက်ထဲက အမဖြစ်သူ စုစုဟာလူသားယောကျာၤးလေးတစ်ယောက်ကို ရုတ်တရက်မြင်မိရာကနေချစ်ကြိုက်မိသွားပါတယ်…အဲဒီအချိန်မှာဇာတ်လမ်းကစတော့တာပါပဲ…အချစ်မှာ မျက်စိမရှိဘူးဆိုပေမယ့် လူသားတစ်ယောက်နဲ့မိစ္ဆာတစ်ကောင်ဟာအတူတူပေါင်းစည်းဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား…ပေါင်းစည်းလို့ရခဲ့ရင်တောင်မှ အခက်ခဲတွေအများကြီးရှိမှာပါ..ဒါပေမယ့် ဒီကားလေးမှာကတော့ အချစ်ကြီးတဲ့ မိစ္ဆာမြွေဖြူမလေးတစ်ယောက်ရဲ့နှလုံးသားဖြူဖြူလေးကို အသေချာမြင်တွေ့ရမှာပါ..တစ်ကားလုံးနီးပါး စိတ်ဝင်တစားကြည့်ရမှာဖြစ်ပြီးတော့ လူသားကောင်လေးတစ်ယောက်နဲ့ မိစ္ဆာမြွေမလေးတစ်ယောက်ရဲ့အချစ်ဇာတ်လမ်းဟာ အားလုံးရဲ့စိတ်ကိုအဆုံးထိဆွဲဆောင်သွားမှာကလည်းဒီဇာတ်ကားရဲ့ထူးခြားချက်တစ်ခုလိုပါပဲ…ဖိုက်တင်မင်းသားကြီးဂျက်လီဇာတ်ကားတိုင်းမှာ ဖိုက်တင်အလန်းတွေနဲ့ကြည့်ရမှာဆိုပေမယ့်လည်း ဒီဇာတ်ကားကတော့ သနားစရာအချစ်ဇာတ်လမ်းလေးတစ်ခုကို ဇာတ်အိမ်တည်ပြီးတော့ ရေးသားထားတာကြောင့်ဖိုက်တင်ကားကြိုက်သူများတောင် ဝမ်းနည်းသွားစေရမယ့်ရသကိုအပြည့်ဝခံစားရမှာပဲဖြစ်ပါတယ်….ဒါကြောင့် ကိုရီးယားအချစ်ဇာတ်ကားတွေကိုကြည့်ပြီး ခံစားချင်တဲ့လူတွေအတွက်ဒီ တရုတ်ကားလေးကိုကြည့်ကြည့်ပါ…အိမ်မှာနေပြီးတော့ ဖီးလ်းအပြည့်ဝယူချင်သူများအတွက်ဒီကားလေးကြည့်ပြီး ဘဝအမောများပြေနိုင်မှာပါ….ဒီကားလေးကြည့်ပြီး အချစ်ကြီးသူများဖြစ်ကြပါစေလို့ဆုတောင်းပေးပါတယ်