Movie Name
1.Maigret Set A Trap(2016)
Year
2016
Generes
Crime, Drama
Code
02405
Type
Movie
Size
639 MB
Country
Hollywood
Description
အခု တင်ပေးတဲ့ ဇာတ်ကားထဲက မင်းသားကြီးကိုတော့ မြင်တာနဲ့ မှတ်မိကြမယ်ထင်ပါတယ်။ သူ့ကို မြင်လိုက်ရချင်းပဲ ဟာသကားလာပြီလို့ ရုတ်တရက်ထင်မိပါလိမ့်မယ်။ ဒီတစ်ခါတော့ မဟုတ်တော့ပါဘူး။ ဒီဇာတ်ကားကတော့ ပြင်သစ်စာရေးဆရာ Georges Simenon ရဲ့ စုံထောက်ဝတ္ထုကို ဆန်းသစ်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ မင်းသားကြီး Rowan Atkinson(Mr.Bean) က စုံထောက်ကြီး မိုင်ဂရက် အဖြစ် သရုပ်ဆောင်ထားတာပါ။ဇာတ်လမ်းအကျဉ်းမှာတော့ ပဲရစ်မြို့ရဲ့ မွန့်မာတေး လမ်းတွေပေါ်မှာ လူသတ်မှုတွေကို တစ်ယောက်တည်းက ကျူးလွန်ခဲ့တာ ၄ မှုဆက်တိုက် ရှိလာခဲ့ပေမယ့် ၅ လကျော်လာတဲ့ တိုင်အောင် သဲလွန်စလေး တစ်ခုတောင် မရခဲ့ပါဘူး။ အဲဒီအတွက် ရဲမှုးကြီး မိုင်ဂရက်အပေါ် ဖိအားတွေ ဆက်တိုက်ကျရောက်နေခဲ့ပါတယ်။ နောက်ဆုံး ၅ ခုမြောက် အမှုမှာတော့ မိုင်ဂရက်ဟာ အကြီးအကျယ်စွန့်စားပြီး လူသတ်သမားကို ထောင်ချောက်တစ်ခု ဆင်လိုက်ပါတယ်။ အဲဒီအကျိုးဆက်ကြောင့်ပဲ ပထမဆုံး အနေနဲ့ သဲလွန်စတစ်ခု ရလာပေမယ့် သူ့နေရာကိုပါ အစားထိုးပစ်ခံရတော့မယ် အခြေအနေကိုပါ တစ်ဆက်တည်း ရောက်လာပါတော့တယ်။ သွေးအေးပြီးပါးနပ်တဲ့ လူသတ်သမားရဲ့ လှည့်ကွက်နဲ့ လူသတ်သမားရဲ့ စိတ်ကို နားလည်နိုင်ရင် သူ့ကို ဖမ်းနိုင်ပြီလို့ ယုံကြည်တဲ့ မိုင်ဂရက်တို့ ဘယ်လို အားပြိုင်ကြမလဲ ဆိုတာကို…….ဒီဇာတ်လမ်းရဲ့ အစမှာတော့ Mr.Bean ကို မြင်လိုက်ချင်းချင်းပဲ ကြိုတွေးထားခဲ့သလိုပါပဲ ရယ်ချင်သလိုလို စိတ်နဲ့ ကြည့်မိတာပါပဲ။ ဒါပေမယ့် အချိန်လေး နည်းနည်းဆက်ကြည့်မိလိုက်တာနဲ့ သူဟာ ဟာသမင်းသားကြီးဆိုတာ မေ့သွားပြီး ဇာတ်ကားရဲ့ လေးနက်တဲ့ ဇာတ်လမ်းနဲ့ သရုပ်ဆောင်ချက်တွေထဲ မျှောသွားပါလိမ့်မယ်။ ဒီဇာတ်ကားထဲအဆုံးမှာ ကျွန်တော့်တွေးမိတာကတော့ အချစ်ဆိုတာချိုမြိန်တဲ့ သစ်သီးလေး တစ်လုံးဖြစ်ရင်တောင် အတ္တဆိုတဲ့အရာနဲ့ တွဲပြီးစားမိရင် အဆိပ်သင့်သွားပါလိမ့်မယ်ဗျာ။ အားလုံး ခံစားနိုင်ကြပါစေခင်ဗျာ