-
Movie Name
-
3.Maigrets Night At The Crossroads (2017)
-
Year
-
2017
-
Generes
-
Crime, Drama
-
Code
-
02407
-
Type
-
Movie
-
Size
-
629 MB
-
Country
-
Hollywood
-
Description
-
အခု တင်ပေးတဲ့ ဇာတ်ကားထဲက မင်းသားကြီးကိုတော့ မြင်တာနဲ့ မှတ်မိကြမယ်ထင်ပါတယ်။ သူ့ကို မြင်လိုက်ရချင်းပဲ ဟာသကားလာပြီလို့ ရုတ်တရက်ထင်မိပါလိမ့်မယ်။ ဒီတစ်ခါတော့ မဟုတ်တော့ပါဘူး။ဒီဇာတ်ကားကတော့ ပြင်သစ်စာရေးဆရာ Georges Simenon ရဲ့ စုံထောက်ဝတ္ထုကို ဆန်းသစ်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ မင်းသားကြီး Rowan Atkinson(Mr.Bean) က ရဲမှူးကြီး မိုင်ဂရက် အဖြစ် သရုပ်ဆောင်ထားတာပါ။မိုက်ဂရက်ကတော့ ရှားလော့ဟုမ်းလို သွက်ထက်တဲ့ လူစားမဟုတ်ပါဘူး။ အေးအေးဆေးဆေးနဲ့ ထောင့်စေ့စေ့ အကွက်ကျကျ တစ်ဆင့်ချင်း အမှုကိုဖော်ထုတ်တတ်သူမျိုးပါ။ စုံထောက်ကားကောင်းကောင်းကို အရသာခံကြည့်ချင်တဲ့သူတွေအတွက်တော့ ဒီရုပ်ရှင်လေးတွေကို အကြိုက်တွေ့ကြမှာပါ။စုစုပေါင်း လေးကား တိတိရှိပြီး ၃ ကားတင်ပေးထားပါပြီ။ မကြာခင် ကျန်တဲ့တစ်ကားကို တင်ပေးပါမယ်။ဇာတ်လမ်းအကျဉ်း ============အမည်မသိလူတစ်ယောက်ဟာ စိန်တွေကို တရားမဝင် ရောင်းချဖို့ ချိန်းဆိုထားတဲ့ လမ်းလေးခွဆုံကို ညသန်းခေါင်မှာ သွားရောက်ခဲ့တယ်။လမ်းလေးခွဆုံမှာ သူ့ကိုစောင့်ကြိုနေတာက ငွေမဟုတ်ဘဲ ကျည်ဆံတစ်တောင့်ပဲ ဖြစ်နေတဲ့အခါ……စုံထောက်ကားတွေကတော့ ဘာမှမပြောထားလေ ကြည့်ကောင်းလေ ပါပဲ။ ခံစားကြည့်လိုက်ကြပါ။ဒီဇာတ်လမ်းရဲ့ အစမှာတော့ Mr.Bean ကို မြင်လိုက်ချင်းချင်းပဲ ကြိုတွေးထားခဲ့သလိုပါပဲ ရယ်ချင်သလိုလို စိတ်နဲ့ ကြည့်မိတာပါပဲ။ဒါပေမယ့် အချိန်လေး နည်းနည်းဆက်ကြည့်မိလိုက်တာနဲ့ သူဟာ ဟာသမင်းသားကြီးဆိုတာ မေ့သွားပြီး ဇာတ်ကားရဲ့ လေးနက်တဲ့ ဇာတ်လမ်းနဲ့ သရုပ်ဆောင်ချက်တွေထဲ မျှောသွားပါလိမ့်မယ်။လေးကားလုံးကို Littleneo ပဲ ဘာသာပြန်ပေးထားပါတယ်။