Movie Name
Men In Black 1 (1997)
Year
1997
Generes
Action, Adventure
Code
02409
Type
Movie
Size
673 MB
Country
Hollywood
Description
ဒီတစ်ခါတော့ လူကြိုက်များပြီးသား အက်ရှင်ဟာသကားလေး တင်ပေးလိုက်ပြီဗျို့ M.I.B (Men In Black) ဆိုတဲ့ အဖွဲ့အစည်းဟာ အစိုးရနဲ့မသက်ဆိုင်သော အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး သူတို့ဟာ ကမ္ဘာမြေကြီးရဲ့ မူမမှန်တဲ့ ဖြစ်ရပ်တွေကို တိတ်တဆိတ်ထောက်လှမ်းပြီး ပြည်သူတွေကို အသိမပေးတဲ့အဖွဲ့ဖြစ်ပါတယ်။နယူးယောက်မြို့ တစ်နေရာ ရဲ့ မြေအောက်မှာ ရုံးစိုက်ပါတယ်။M.I.B က agentတွေမှာ neutralyzerလို့ ခေါ်တဲ့ ကိရိယာ တစ်မျိုးရှိပြီး agent တွေရဲ့ ဂြိုဟ်သားတွေနဲ့ ပတ်သတ်တဲ့ အသိ တွေကို ဖျောက်ပစ်ဖို့ သုံးတာပါ။ M.I.Bအနေနဲ့ ဂြိုဟ်သား တော်တော်များများကို ရှာတွေ့ထားပြီး ၁၅၀၀ ဝန်းကျင်ရှိကာ အများစုမှာ နယူးယောက်မြို့ ပတ်ဝန်းကျင်တွင် ကျင်လည်နေကြပါတယ်။တစ်ညမှာတော့….. M.I.B က Agent K (Tommy Lee Jones) နဲ့ Agent D (Richard Halmiton) တို့ဟာ နယူးယောက်မြို့ ပေါ်ကို တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို သယ်ဆောင်လာတဲ့ ကုန်တင်ကားကို ကြားဖြတ် တိုက်ခိုက်ပါတယ်။အကြောင်းရင်းက အဲ့ ကား ထဲမှာ လူဟန်ဆောင်ထားတဲ့ ဂြိုဟ်သားငနဲတစ်ကောင် ပါလာလို့ပါ။ရုန်းရင်းဆန်ခတ် တွေ အပြီးမှာ Agent Dဟာ သူ့ကိုယ်သူ အသက် အတော်ကြီးနေမှန်း သိသွားပြီး အနားယူဖို့ဆုံးဖြတ်လိုက်ပါတယ်။သူ့ကို neutralyzerနဲ့ ဂြိုဟ်သား တွေနဲ့ပတ်သက်တဲ့မှတ်ဉာဏ်တွေဖျောက်ပေးဖို့ agent K ကို တောင်းဆိုလိုက်ပါတော့တယ်။ ဒီအချိန်မှာပဲ James Edwards (Will Smith) က နယူးယောက်ရဲ့ ရဲအရာရှိတစ်ယောက်။ ခါးပိုက်နှိုက်တစ်ယောက်ကို လိုက်ဖမ်းရင်း မူမမှန် လူသားတွေ ကို စတင်သတိထားမိလာချိန်။ Agent Kနဲ့ တွေ့ဆုံမိပြီး M.I.B အဖွဲ့ဝင်ဖြစ်ဖို့ ကမ်းလှမ်းခြင်းခံလိုက်ရပါတော့တယ်။ စမ်းသပ်မှုတွေ ကို ကျော်ဖြတ်ရင်း Agent J လို့ သတ်မှတ်ခြင်းခံလာရပါတယ်။Agent J M.I.Bကို ရောက်လာပြီးနောက်ပိုင်း ဂြိုဟ်သားတွေ ဘယ်လို တစ်စခန်းထလာတယ် ဘယ်လို အခက်အခဲတွေ ကြုံလာရတယ်ဆိုတာကိုတော့…………..