-
Movie Name
-
Black Panther (2018)
-
Year
-
2018
-
Generes
-
Action, Adventure, Sci-Fi
-
Code
-
02233
-
Type
-
Movie
-
Size
-
1.04 GB
-
Country
-
Hollywood
-
Description
-
ရာစုနှစ်ပေါင်းများစွာက ဘလက်ပန်သာဆိုတဲ့ စူပါဟီးရိုး ဟာ အာဖရိကန်လူမျိုးစုငါးစုကို တစုတစည်းတည်း ပေါင်းစည်း လိုက်ပြီး ဝါကန်ဒါနိုင်ငံကို တည် ထောင်အုပ်ချုပ်ခဲ့ပါတယ်။ ဝါကန်ဒါနိုင်ငံသားတွေဟာ ဗိုင်ဘ ရေနီယံသတ္တု အသုံးပြုပြီးတော့ ခေတ်ရှေ့ပြေး နည်းပညာတွေ ဖွံ့ဖြိုးအောင် လုပ်ဆောင်ကာ သီးခြားကမ္ဘာတစ်ခုလို နေထိုင် ခဲ့ကြပါတယ်။ဝါကန်ဒါနိုင်ငံကို အုပ်ချုပ် နေတဲ့ တီချာကာဘုရင်ကြီး သေ ဆုံးသွားပြီးနောက်မှာတော့ သူ့ရဲ့ သားဖြစ်တဲ့ တီချယ်လာဟာဘလက်ပန်သာနေရာကို ဆက်ခံ အုပ်ချုပ်ဖို့အတွက် မွေးရပ်မြေကို ပြန်ရောက်လာခဲ့ပါတယ်။ နိုင်ငံ တစ်ခုရဲ့ အုပ်ချုပ်သူနေရာက လွယ်ကူလှတဲ့ အနေအထားမျိုး မဟုတ်တာမို့ တီချယ်လာဟာအုပ်ချုပ်သူရဲ့ တာဝန်တွေသာမ က စူပါဟီးရိုးဘလက်ပန်သာ တစ်ယောက်အဖြစ်နဲ့ နိုင်ငံကိုကာကွယ်နိုင်ရေးအတွက်ပါ ပြင် ဆင်မှုတွေ လုပ်ခဲ့ရပါတယ်။အဲဒီနောက်မှာတော့ ဝါကန် ဒါကို ဒုက္ခပေးဖို့အတွက် စွမ်းအား မြင့် ရန်သူတော်တွေ ပြန်ပေါ်လာ ခဲ့တာမို့ ဘလက်ပန်သာအသစ် ဖြစ်တဲ့ တီချယ်လာအတွက် စိန် ခေါ်မှုတွေ ဖြစ်လာခဲ့ပါတယ်။ဒါတင်မက စစ်ပွဲတွေဖြစ် လာဖို့ အခြေအနေတွေ ဖြစ်လာ တဲ့အခါမှာ ဝါကန်ဒါဘုရင်လေး ဖြစ်တဲ့ တီချယ်လာဟာစီအိုင် အေအေးဂျင့် အဲဗရက်ကေရော့စ် နဲ့ ဝါကန်ဒါအထူးတပ်အင်အား တွေနဲ့ ပူးပေါင်းပြီး နိုင်ငံနဲ့ ပြည်သူ ပြည်သားတွေကို ကာကွယ်ဖို့ အတွက် ကြိုးပမ်းခဲ့ပုံတွေကို ရှု စားရမှာဖြစ်ပါတယ်။မာဗယ်စတူဒီယိုကနေ ၁၈ ခုမြောက် စူပါဟီးရိုးဇာတ်ကား အဖြစ် ထွက်ရှိလာတဲ့ ယင်းဇာတ် ကားမှာ ဇာတ်ကောင်စရိုက်တွေ၊ အထူးပြုလုပ်ချက်တွေ၊ ဆက်တင်တွေကို ဘယ်လိုတင်ဆက် ထားသလဲဆိုတာ ပရိသတ်တွေ မြည်း စမ်းရအောင်လို့ ဖော်ပြ လိုက်ပါတယ်။