Movie Name
Missing Nin
Year
2017
Generes
Comedy, Drama, Thriller
Code
SKR0007
Type
Series
Size
6 GB
Country
Korea
Description
ထူးခြားတဲ့ဇာတ်အိမ်ပုံစံ စိတ်ဝင်စားစရာ ဇာတ်ဝင်ခန်းတွေနဲ့ မထွက်ခင်ကတည်းက စောင့်မျှော်ကြည့်ရှုဖို့ စိတ်ဝင်စားနေကြတဲ့ Missing_Nine (ပျောက်ဆုံးနေသော လူ၉ယောက်) Suspense Melodrama တစ်ခုဖြစ်တဲ့အလျောက် ကြည့်ရှု့သူ တွေအတွက် မတူညီတဲ့ရသတစ်မျိုးနဲ့ စိတ်ဝင်စားမှုဖို့ကောင်းအောင်ကြည့်ရှုရမယ့် drama အသစ်တစ်ခုကတော့ #Missing_9 ပါ…. မမျှော်လင့် မထင်မှတ်ထားဘဲ ကြောက်မက်ဖွယ်ရာမတော်တဆမှုတစ်ခုဖြစ်တဲ့ လေယာဉ်ပျက်ကျမှုကြီးတခုကြောင့် ကြီးမားတဲ့ အထိတ်တလန့် တွေ့ကြုံခြင်းဖြစ်ရပ်တခုကြုံခဲ့ရပီး ထိုဖြစ်ရပ်အတွင်းမှာ လွဲချော်ပျောက်ဆုံးသွားတဲ့ အနုပညာနယ်ပယ်က အောင်မြင်ထင်ရှားအရာရောက်တဲ့ လူ ၉ ဦးရဲ့ မထင်မှတ်ထားစရာ အဖြစ်အပျက်များအပေါ် တည်ထားတဲ့ ဇာတ်အိမ်တစ်ခုနဲ့ စိတ်ဝင်စားစွာ ကြည့်ရှုခံစားရမယ့် Missing 9 ဆိုတဲ့ဇာတ်ကားကောင်းလေးတစ်ခုပါ….. အဓိက ပါဝင်သရုပ်ဆောင်သူများကတော့… JungKyungHo BaekJinHee OhJungSe ChoiTaeJoon LeeSunBin ParkChanyeol KimSang-ho TaeHangHo RyuWon တို့က missing 9 people များအဖြစ် role အသီးသီးကနေ အကောင်းဆုံးသရုပ်ဆောင်ထားမှူတွေကို ကြည့်ရှုတွေ့မြင်ကြရမှာပါ လေယာဉ်ပျက်ကျမှုကြီးဖြစ်ပွားတဲ့နောက်မှာတော့ ထိုမတော်တဆမှုအတွင်းမှာ ပျောက်ဆုံးသွားတဲ့ လူ ၉ ယောက်ရဲ့ ဖြစ်ပျက်ခဲ့တဲ့အကြောင်အရာတွေကို စိတ်ဝင်စားဖွယ်ကောင်းအောင် ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးပါ … Missing Nine drama ကို MBC ရုပ်သံလိုင်းကနေ Jan.18 / Wednesday ကနေစပြီး အပတ်စဉ် Wed/Thurs KST 10:00 pm တိုင်းမှာ Episode 20 အထိ ထုတ်လွှင့်ပြသသွားမှာပါ .