Movie Name
Memory Lost (2016)
Year
2016
Generes
Action, Crime, Romance
Code
SC0098
Type
Series
Size
11 GB
Country
China
Description
၀၁၆ ခုနှစ်ကထွက်ရှိခဲ့ပြီး Season 3 ထွက်တဲ့အထိအောင်မြင်မှုရှိခဲ့တဲ့ တရုတ်စီးရီး Romance Crime အမျိုးအစားဖြစ်ပြီး စိတ်ဝင်စားစရာအမှုမျိုးစုံနဲ့ စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်ညွှန်းရေးတဲ့သူကလည်း Love me if you dare, When a snail fall in love တရုတ်စီးရီးကောင်းတွေကို ရေးခဲ့တဲ့သူဖြစ်တာကြောင့် ဒီစီးရီးလေးကလည်း အရင်စီးရီးတွေအတိုင်း စိတ်ဝင်စားစရာ အပြည့်နဲ့စီးရီးလေးပါ။ တခြား မှုခင်းဇာတ်လမ်းတွေနဲ့ ကွဲထွက်နေမှာကတော့ ဒီဇာတ်လမ်းမှာ ရင်ဆိုင်တွေ့ရမယ့် ဗီလိန်တွေဟာ တစ်ဦးတစ်ယောက်တည်း မဟုတ်ပါဘူး။ စိတ်ညှို့ကျွမ်းကျင်ပညာရှင်တွေ ကွန်ပျူတာဟက်ကာသမား လက်ဖြောင့်သေနတ်သမား အဆိပ်ကျွမ်းကျင်ပညာရှင် ဖောက်ခွဲရေးကျွမ်းကျင်ပညာရှင် ပန်းချီကျွမ်းကျင်တဲ့စိတ္တဇလူသတ်သမား အားလုံးပါဝင်နေပြီး တက်ညီလက်ညီစည်းလုံးတဲ့ အဖွဲ့ကြီးတစ်ခုနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ဘယ်လိုရင်ဆိုင်ကျော်လွှားကြမှာလဲဆိုတာ စောင့်မျှော်ကြည့်ရှုလိုက်ပါ ဇာတ်လမ်းအကျဉ်းလေးကတော့………. “ပိုင်ကျင်ရှီး” ဆိုတဲ့ မိန်းမချောလေးက အတိတ်ကိုမေ့နေပေမယ့် တိုက်ခိုက်ရည်စွမ်းရည် အပြည့်နဲ့ သွက်လက်ထက်မြက်တဲ့ရဲမေတစ်ဦးပါ.. ရဲတပ်ဖွဲ့အတွက်မှုခင်းတွေကို ထောက်လှမ်းပေးရင်း ကောက်ကြောင်းပုံဖော်ရတဲ့ မှုခင်းစိတ်ပညာ ကျွမ်းကျင်သူလေးတစ်ဦးလည်းဖြစ်တယ်.. တစ်နေ့တော့ “အနက်ရောင်ဒိုင်း”ဆိုတဲ့ အထူးတပ်ဖွဲ့ကို ဝင်ရောက်ဖို့ တာဝန်ပေးချင်းခံရပါတယ်။ “ ဟန်ချန်း” …သူကလည်း ရဲတပ်ဖွဲ့က အထူးယုံကြည်အားထားရတဲ့ ရဲတစ်ယောက်။ ခန့်ညားချောမောသလို အမှုလိုက်ရာမှာလည်း ကျွမ်းကျင်သလို တိုက်ခိုက်ရေးမှာလည်း ထိပ်တန်းရဲတစ်ယောက်… အားလုံးက ဟန်နတ်ဘုရားရယ်လို့ တင်စားခေါ်ဝေါ်ကြတယ်.. ဒါပေမယ့် သူက သမာရိုးကျအမှုစစ်ဆေးရေးကိုသာယုံကြည်ပြီး ကောက်ကြောင်းပုံဖော်ရတဲ့ မှုခင်းစိတ်ပညာပေါ်မှာ အယုံအကြည်မရှိသူတစ်ဦး ဖြစ်ပါတယ်။ “ရွှီစီပိုင်” … သူကတော့ ရောဂါဗေဒဆရာဝန်တစ်ဦး… ရဲတပ်ဖွဲ့အတွက် အလောင်းတွေခွဲစိတ်စစ်ဆေးပေးနေရသလို နောက်ထပ်ရောဂါဗေဒဆရာဝန်လောင်းတွေကို သင်ကြားပေးနေရသူတစ်ယောက် ရုပ်ရည်ချောမောသလို ဟင်းချက်လည်းအရမ်းတော်တဲ့သူတစ်ဦးပါ…. သူကတော့ အတိတ်မေ့နေတဲ့ ပိုင်ကျင်ရှီးရဲ့ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်သလို ပိုင်ကျင်ရှီးကို တစ်ဖက်သတ်ကြိတ်ကြိုက်နေတဲ့သူငယ်ချင်းလေး ပိုင်ကျင်ရှီး ဟန်ချန်း နဲ့ ရွှီစီပိုင်တို့နဲ့အတူ အနက်ရောင်ဒိုင်း အထူးတပ်ဖွဲ့မှာ ကွန်ပျူတာကျွမ်းကျင်ပညာရှင်ဖြစ်တဲ့ ကျိုးရှောင်ကျွမ့်…… “ပိုကာမျက်နှာ” လို့တင်စားခေါ်ဝေါ်လောက်အောင် မျက်နှာသေကြီးနဲ့ ရုပ်တည်ကြီးနဲ့နေတတ်တဲ့ တိုက်ခိုက်ရေးကျွမ်းကျင်တဲ့ အရှာရှိရှီ….. အမှုလိုက်ကျွမ်းပြီးသတ္တိရှိပေမယ့် စကားအလွန်များလွန်းလို့ “လေအိုး” လို့ခေါ်ကြတဲ့ရဲအရာရှိတစ်ယောက်ရယ် လာပြီးပေါင်းမိကြတဲ့အခါ ဘယ်လိုအမှုတွေများ ဖော်ထုတ်ကြမှာလဲလို့ စောင့်ကြည့်လိုက်ပါ။ ဒီစီးရီးဟာ တရုတ်စီးရီးကိုကြိုက်နှစ်သက်ကြတဲ့ နူတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲ စီးရီးတစ်ခုဖြစ်လာမှာဖြစ်သလို မှု့ခင်းနဲ့ကွင်းဆက်လူသတ်သမားကားတွေ ထောက်လှမ်းရေးကားတွေကိုကြိုက်တဲ့ ယောကျာၤးလေးတွေအဖို့တော့ စိတ်ကျေနပ်မှု့အပြည့်အဝပေးနိုင်မယ်လို့လည်း ယုံကြည်ပါတယ်…. အဆက်မပြတ်ရလေအောင်တစ်နေ့ကို ၂ ပိုင်းတင်ဆက်ပေးသွားမှာမို့ ဒါကြောင့် ကြည့်ဖို့စဉ်းစားနေသူများတွေဝေမနေပဲကြည့်ပါ… တကယ်ကိုကောင်းတဲ့ စီးရီးတစ်ခုပါ….