Movie Name
Narnia 1.The Lion, The Witch And The Wardrobe (2005)
Year
2005
Generes
Adventure, Fantasy, Family
Code
02449
Type
Movie
Size
1 GB
Country
Hollywood
Description
Fantasy ရုပ်ရှင်တွေ ကြိုက်နှစ်သက်သူတွေအတွက် အကောင်းဆုံးတွေထဲက တစ်ခုကို တင်ပေးလိုက်ပါတယ်။ နာနီယာရုပ်ရှင် စုစုပေါင်း ၃ ကားထွက်ရှိထားပါတယ်။ ဒီရုပ်ရှင်တွေရဲ့ မူလဝတ္ထုကိုတော့ နာမည်ကျော် အင်္ဂလိပ် စာရေးဆရာကြီး C.S.Lewis ရေးသားခဲ့တာပါ။ Lewis ဟာ the lord of the rings စာအုပ်တွေကို ရေးသားခဲ့သူ J.R.R.Tolkien နဲ့ မိတ်ဆွေရင်းဖြစ်ပြီး သူရေးသားခဲ့တဲ့ နာနီယာ ၇ အုပ်ဟာ ခေတ်ပြိုင်ကျော်ကြားခဲ့ပါတယ်။ ရုပ်ရှင်အနေနဲ့တော့ စာအုပ် ၃ အုပ်ကိုပဲ ရိုက်ကူးနိုင်ခဲ့သေးပါတယ်။ မူရင်းစာအုပ်ရဲ့ လှပတဲ့ စိတ်ကူးတွေ ခမ်းနားတဲ့ ဇာတ်ကောင်တွေနဲ့ ကြည်နှုးဖွယ် ရှုခင်းတွေကို အကောင်းဆုံး ပုံဖော်ပေးခဲ့တဲ့ ဇာတ်ကားတွေပါပဲ။ ဇာတ်လမ်းအကျဉ်းမှာတော့ ပီတာ၊အက်မွန်၊ဆူဆန် နဲ့ လူစီ ဆိုတဲ့ မောင်နှမလေးယောက်ဟာ ထူးဆန်းတဲ့ ဗီရိုကြီး တစ်လုံးဆီကနေ ဖြတ်ပြီး မှော်ကမ္ဘာကြီးထဲက နာနီယာနိုင်ငံထဲကို ရောက်သွားခဲ့ပါတယ်။ အဲဒီကမ္ဘာရဲ့ အကြီးမြတ်ဆုံး မှော်ဆရာကြီး အိုက်စလန်မရှိတဲ့အချိန်မှာ နာနီယာမှာ စုန်းမကြီးတစ်ဦးက ကြီးစိုးနေပြီဖြစ်ပါတယ်။ အဲဒီကမ္ဘာမှာ တိရစ္ဆာန်တွေ ဟာ စကားပြောတတ်ပြီး ရေတွေ အပင်တွေဟာ အသက်ရှိကြပါတယ်။ အဲဒီကမ္ဘာရဲ့ ရှေ့ဖြစ်ဟောကိန်းအရ အာဒံနဲ့ဧဝတို့ရဲ့ သားသမီးတွေရောက်လာချိန်မှာ သူတို့ကို ကယ်တင်ခံရပြီး ဘုရင်ဘုရင်မအသစ်တို့ထွက်ပေါ်လာမယ်လို့ နာနီယာသားတွေ ယုံကြည်နေကြပါတယ်။ ဒါကြောင့် မောင်နှမလေးယောက်ကို အပြတ်ရှင်းဖို့ကြိုးစားမယ့် စုန်းမကြီး နဲ့ သူ့ကို တော်လှန်ဖို့နဲ့ ဘုရင်လောင်းတွေကို ကာကွယ်ဖို့ မှော်သတ္တဝါတပ်ကြီးနဲ့အတူ အိုက်စလန် ပြန်လည်ရောက်ရှိလာချိန်မှာ…