Movie Name
Moonshine & Valentines
Year
2018
Generes
Fantasy, Romance
Code
SC0100
Type
Series
Size
8.71 GB
Country
China
Description
အချစ်နှောင်ကြိုး Ongoing Chinese Drama 2018 May 9 ရက်နေ့မှ စထွက်တဲ့ တရုတ်ကားသစ်လေးပါ အပိုင်း၂၅ပိုင်းပါဝင်ပြီး Fantasy Romance ပြောရရင်တော့ မြေခွေးနဲ့လူသားရဲ့နှစ်ပေါင်းများစွာကြာတဲ့ အချစ်ဇာတ်လမ်းပါ အဓိကမင်းသမီးအဖြစ် အားလုံးသိကြတဲ့ Ice Fantasyတို့ Lost Love in Timesတို့ထဲက Victoria Song ပါ အဓိကမင်းသားအဖြစ်ကတော့ Addicted Heroin ထဲက Huang Jing Yuပါ ဒုတိယမင်းသားအနေနဲ့ ပွေ့ဖက်နိုင်ခွင့် Can't Hug Youကားထဲက ချွေ့ကျွင့်ဟယ့် Xu Kai Chengပါဝင်တယ် ဇာတ်လမ်းအကျဉ်းကတော့ မင်းသားက မြေခွေးမျိုးနွယ်စုရဲ့အရှင်ပါ မင်းသမီးက ပထမဘဝမှာ သူမကိုယ်သူမစွန့်လွှတ်ပြီး မင်းသားကို ကယ်ခဲ့တာပါ ဒါကြောင့် မင်းသားဟာ မင်းသမီးကို ဘဝဆက်တိုင်း ရှာဖွေပြီး သူတို့ဟာ မြင်မြင်ချင်းချစ်ခဲ့မိတာချည်းပါပဲ ဒါပေမယ့် ဘဝဆက်တိုင်း မင်းသမီးက မထင်မှတ်ပဲသေဆုံးပါတယ် ဒီဘဝမှာတော့ အချိန်နဲ့ခေတ်တွေက ပြောင်းသွားလို့ မင်းသမီးက မင်းသားကို မြင်မြင်ချင်းမချစ်ခဲ့ပါဘူး မင်းသားက မင်းသမီး ၂၅နှစ်ပြည့်ရင် သေမယ်ဆိုတဲ့ ကျိန်စာကိုဖျက်ဖို့ ကြိုးစားရှာခဲ့တယ် မြေခွေးအဖွဲ့မှာ တောင်နဲ့မြောက်ခွဲထားပါတယ် တောင်က မင်းသားတို့အဖွဲ့ပါ လူသားနဲ့မြေခွေး အတူနေထိုင်ကြပြီး ခြားနားခြင်းတွေ မထားကြဘူး မင်းသားရဲ့မျက်လုံးက နေ့ဘက်ကျရင် မမြင်ရတာက သူက မြေခွေးအဖေနဲ့ လူအမေတို့ရောနှောထားတဲ့သူမလို့ပါ မြောက်က မင်းသားအဖေနဲ့ မွေးစားအကိုတို့အဖွဲ့ပါ မြေခွေးသီးသန့်နေထိုင်ပြီး လူတွေကိုရှောင်ရှားကြပါတယ် ဒီဘဝမှာ မင်းသားက မင်းသမီးကျိန်စာပျက်ပြယ်အောင် လုပ်နိုင်ပြီး လက်တွဲသွားရမလားဆိုတာတော့ ကြည့်ပြီး ကြိုက်မကြိုက် comment လေးတွေပေးသွားကြအုံးနော်