Movie Name
2 SAW 2 (2005)
Year
2005
Generes
Horror
Code
0247
Type
Movie
Size
694 MB
Country
Hollywood
Description
Jigsaw လူသတ်သမားကို ပြန်ပေါ်လာတဲ့အတွက် အထူးတပ်ဖွဲ့တွေနဲ့အတူ စုံထောက်အဲရစ်ခ်မက်သရူးပါ ပါလာပြီး လာဖမ်းတော့တယ်။ ဒီအချိန်မှာ Jigsaw လူသတ်သမားက ကင်ဆာရောဂါသည်တစ်ဦး ဖြစ်နေတော့တယ်။ စုံထောက်အဲရစ်ခ်ဆိုတာကလည်း လူကောင်းမဟုတ်။ ဟိုးတုန်းကဆို သူဖမ်းချင်တဲ့သူတွေဆိုရင် သက်သေအတုလုပ်ပြီး ဖမ်းထည့်တတ်တဲ့သူ။ Jigsaw က အဲဒါကို ကောင်းကောင်းသိထားတော့ သူ အရင်က အမှုဆင်ပြီးဖမ်းဖူးတဲ့သူအားလုံးနဲ့အတူ အဲရစ်ခ်ရဲ့သားကို ဖမ်းထည့်ပြီး အိမ်တစ်အိမ်မှာ ဂိမ်းတွေ စကစားစေတော့တယ်။ အိမ်တစ်လုံးမှာ ထောင်ချောက်တွေ အပြည့်ပေါ့။ ဂိမ်းကို ကျော်ဖြတ်နိုင်တဲ့သူကပဲ အသက်ရှင်ခွင့်ရမှာ။ ဒါကို အဲရစ်ခ်တို့ Jigsaw ကို လာဖမ်းတဲ့အခါမှာ Jigsaw ရဲ့ ပုန်းအောင်းတဲ့နေရာမှာရှိတဲ့ ကွန်ပျူတာဖန်သားပြင်တွေပေါ်မှာ သူ့သားနဲ့အတူ တခြားလူတွေ အဖမ်းခံထားရတဲ့အကြောင်း အဲရစ်ခ်သိလိုက်ရတော့တယ်။ Jigsaw ရဲ့ ထောင်ချောက်တွေကြားကနေ သူ့ကိုမကျေနပ်တဲ့သူတွေနဲ့အတူရှိနေတဲ့ သူ့သား ဒန်နီရယ်ကို စုံထောက်အဲရစ်ခ်တစ်ယောက် ဘယ်လိုကယ်တင်မလဲဆိုတာ ဒီ Saw II ဇာတ်ကားထဲမှာ ရှုစားရမှာပါ။